DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလမ်း ဆက်လျှောက်မည်၊ မူးယစ်ဆေး ကင်းစင်ရမည်ဟု DKBA စစ်ဦးစီးချုပ်ပြော 
DVB
·
December 21, 2019
ငြိမ်းချမ်းရေးလမ်း ဆက်လျှောက်မည်၊ မူးယစ်ဆေး ကင်းစင်ရမည်ဟု DKBA စစ်ဦးစီးချုပ်ပြော 
1 / 15
Donate to DVB

ငြိမ်းချမ်းရေးလမ်းကို ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA) စစ်ဦးစီးချုပ်  ဗိုလ်ချုပ်ကြီးစောမိုရှေးက ကတိပေး ပြောကြားလိုက်ပါတယ်။









DKBA တပ်ဖွဲ့ တည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတုအထိမ်းအမှတ်နေ့အဖြစ် ဒီနေ့မနက် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ဌာနချုပ်တည်ရှိရာ ဆုံစည်းမြိုင်ကွင်းမှာ ကျင်းပတဲ့ စစ်ရေးပြ အခမ်းအနားမှာ ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ ပြည်သူတွေက ငြိမ်းချမ်းရေး လိုလားနေတာ ဖြစ်တဲ့အတွက် ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်အနေနဲ့လည်း ငြိမ်းချမ်းရေးလမ်းစဉ်သွားတာနဲ့အညီ မူးယစ်ဆေး ကင်းစင်တဲ့ နယ်မြေဖြစ်ဖို့ လိုတယ်၊ ဒီအတွက် စစ်သည်တော်တွေနဲ့ အဖွဲ့ဝင်တွေ မူးယစ်ဆေးဝါး ကင်းစေဖို့ လုပ်ဆောင်သွားမယ်လို့လည်း DKBA တပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။












အခမ်းအနားကို DKBA တပ်ဖွဲ့ စစ်သည်အင်အား ၄၀၀ ကျော်နဲ့  ထိပ်တန်းခေါင်းဆောင်တွေ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ငြိမ်းချမ်း‌ရေးအကျိုးဆောင် ဝန်ကြီးဟောင်း ဦးအောင်မင်း၊ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် ဦးသန်းဌေးတို့ အပါဝင် လူပေါင်း ၃၀၀၀ ကျော်တက်ရောက်ပါတယ်။ 

ပြည်ထောင်စုဝန်ကြီးကလည်း ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေး အစပျိုးလာပြီဖြစ်လို့ ကရင်တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ မြန်မာတပြည်လုံး ငြိမ်းချမ်းတဲ့အထိ ဦးဆောင်ပေးဖို့ လိုတယ်လို့ ပြောသွားပါတယ်။

DKBA ကရင်လက်နက်ကိုင်အဖွဲ့ဟာ မိခင် KNU ကနေ ၁၉၉၄ ခုနှစ်မှာ ခွဲထွက်တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံခဲ့ဘဲ  ၂၀၁၅ ခုနှစ်မှာ အစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။  




















ဖိုးစီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013