DVB Logo
Home
မြန်မာသတင်း
စေတီပုထိုးများသမိုင်းနောက်ခံဇာတ်လမ်းများရိုက်ကူးရန် တရုတ်သံအမတ်ကို မဟနဆရာတော်  မိန့်ကြား 
DVB
·
December 21, 2019
Donate to DVB

မြန်မာနိုင်ငံကထင်ရှားတဲ့ စေတီပုထိုးတွေကို  သမိုင်းနောက်ခံပြုတဲ့ဇာတ်လမ်းတွေရိုက်ကူးဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က တရုတ်ယဉ်ကျေးမှုရုပ်ရှင်ထုတ်လုပ်သူကို အကြံပြု မိန့်ကြားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်းဟိုင် ဦးဆောင်တဲ့အဖွဲ့ဟာ ဒီနေ့မနက်က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသကို လာရောက် ဖူးမြော်ရာမှာ မိန့်ကြားခဲ့တာပါ။

ဥက္ကဋ္ဌဆရာတော်က မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာ ထေရဝါဒသာသနာနဲ့ မဟာယာန သာသနာဆိုပြီး နှစ်မျိုးကွဲနေတာကို ထပ်မကွဲစေဘဲ ညီရင်းအစ်ကိုသဖွယ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ထုတ်လုပ်ဖို့ တိုက်တွန်းပါတယ်။

ပြီးတော့ မြန်မာနိုင်ငံက ထင်ရှားတဲ့ ဗုဒ္ဓဆံတော်၊ ဓါတ်တော်၊ မွေတော်တွေကိန်းဝပ်တော်မူရာ စေတီပုထိုးတွေကို နောက်ခံပြုတဲ့ ဇာတ်လမ်းတွေ၊ ကမ္ဘာ့ငြိမ်းချမ်းရေးရရှိစေနိုင်တဲ့ မေတ္တာတရား အခြေခံတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေကို ရိုက်ကူးသွားဖို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်

သံအမတ်ကြီး ချန်းဟိုင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကလည်း နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကို တွေ့ဆုံပြီး ဗုဒ္ဓဘာသာကို အကြောင်းပြုပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တိုးမြှင့်သွားချင်တယ်လို့ လျှောက်ထားခဲ့ပါတယ်။

နိုဝင်ဘာလဆန်းကလည်း သံရုံးမိသားစု၊ မြန်မာ တရုတ်ပရဟိတအသင်းနဲ့ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်တွေကို ကထိန်သင်္ကန်းနဲ့ အလှူငွေကျပ်သိန်း ၁၀၀ ကျော် လှူဒါန်းခဲ့ပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013