DVB Logo
Home
မြန်မာသတင်း
မန္တလေးက ကျောင်းသူ/သား များအတွက် ဆိုင်ကယ်စီး ဦးထုပ် ၂၀၀၀ကျော် ပေးအပ်လှူဒါန်း  
DVB
·
December 20, 2019
Donate to DVB

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ အမှတ် (၁၃)နဲ့ အမှတ် (၃၂)  အခြေခံပညာအထက်တန်းကျောင်းနှစ်ကျောင်းက ကျောင်းသား/သူတွေကို ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး AIP ဖောင်ဒေးရှင်းရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့UPS ဖောင်ဒေးရှင်းကဦးစီးပြီး ဆိုင်ကယ်စီး ဦးထုပ် ၂၀၂၇ လုံး ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ကျင်းပတဲ့   ဆိုင်ကယ်စီး ဦးထုပ်ပေးအပ်ပွဲကို တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊  AIP Foundationကတာဝန်ရှိသူတွေ၊ ကျောင်းသား/သူတွေနဲ့ မိဘဆရာတွေ တက်ရောက်ခဲ့ကြပါတယ်။

AIP ဖောင်ဒေးရှင်းရဲ့မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ကမ်ပါဂ်နာက “မိမိတို့ရင်သွေးငယ်တွေကို ကျောင်းအကြိုအပို့လုပ်ဆောင်ရာမှာ အကာအကွယ်မဲ့အနေအ ထားဖြစ်နေတာကို လက်ခံနိုင်စရာမရှိပါဘူး။ အခု လုပ်ဆောင်တဲ့Safety Delivered Program ကြောင့် ဆရာဆရာမအားလုံးအနေနဲ့လည်း ကျောင်းသူကျောင်းသားတိုင်းကို ကျောင်းကို ဆိုင်ကယ်စီးနင်းလာတဲ့အချိန်မှာ ဆိုင်ကယ်စီးဦးထုပ်ဆောင်းလာကြဖို့ အတွက် ကြီးကြပ်ဆောင်ရွက် ကူညီပေးကြဖို့မျှော်လင့်မိတယ်” လို့ ပြောပါတယ်။

ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးစိုင်းပန်းဆိုင်ကတော့ “ လူ့အခွင့်အရေးရှုထောင့်ကကြည့် ရင်လည်းကျောင်းသား၊ကျောင်းသူ ကလေးသူငယ်အားလုံးဟာ နေ့စဉ်ကျောင်းသွားကျောင်းပြန် အချိန်တိုင်းမှာ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ဖို့အခွင့်အရေး အပြည့်အဝရရှိသင့်ပါတယ်။  တိုင်းဒေသကြီးအစိုးရအနေနဲ့ ယာဉ်မတော်တဆမှုတွေကို ထိန်းချုပ်ဆောင်ရွက်ဖို့နဲ့ မော်တော်ဆိုင်ကယ်မောင်းနှင်သူ၊ စီးနင်းလိုက်ပါသူတိုင်း မော်တော်ဆိုင်ကယ်စီး ဦးထုပ်ဆောင်းတဲ့နှုန်းတိုးတက်လာစေဖို့ မဟာဗျူဟာ ချမှတ်ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလကကနေ   နိုဝင်ဘာလအထိ မော်တော်ဆိုင်ကယ်အပါအဝင် ယာဉ်မတော်တဆဖြစ်မှုပေါင်း ၁၇၃၃ ဖြစ်ပွားခဲ့တယ်လို့  မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေးဌာနက ထုတ်ပြန်ချက်အရသိရပါတယ်။

မန္တလေးတိုင်းအတွင်းမှာမော်တော်ဆိုင်ကယ် အပါအဝင်ယာဉ်မတော်တဆမှုဖြစ်ပွားမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ၂၂၄၃ မှုဖြစ်ပွားခဲ့ပြီး အခုနှစ်မှာတော့ မနှစ်ကထက် နည်းပါးသွားခဲ့တာပါ။  ဆိုင်ကယ်မတော်တဆဖြစ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဆိုင်ကယ်ဦးထုပ် မဆောင်းကြသူတွေလည်း အများအပြားပါဝင်ပါတယ်။ 

မြန်မာနိုင်ငံရှိ ဆိုင်ကယ်မောင်းနှင်နေသူ ၃၂ ရာခိုင်နှုန်းအနက်  စီးနင်းလိုက်ပါသူ ၂၇ ရာခိုင်နှုန်းသာ ဆိုင်ကယ်စီးဦးထုပ်တွေ ဆောင်းကြတယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013