DVB Logo
Home
မေးမြန်းခန်း
ဝန်ကြီးများ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး မေးမြန်းချက်
DVB
·
February 8, 2013
ဝန်ကြီးများ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး မေးမြန်းချက်
Donate to DVB

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတကနေ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လက်ရှိ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့(ကစထမှူး) ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းကို လည်းကောင်း ခန့်အပ်တာဝန်ပေးအပ်ဖို့ သ၀ဏ်လွှာ ပေးပို့ ထားပါတယ်။

လက်ရှိနယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးကို မူလ စစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ပေးဖို့လည်း သမ္မတရဲ့သ၀ဏ်လွှာမှာ ပါရှိပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးဟာ အရပ်ဘက်နဲ့ စစ်ဘက်မှာ ဆက်ဆံရေးပြေပြစ်သလို တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး၊ တပ်မတော်မှာ ဒု-ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာနိုင်မယ်လို့ အမျိုးသားလွှတ်တော်အမတ်ဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးလှဆွေက သုံးသပ် ပြောဆိုပါတယ်။

လက်ရှိ ၀န်ကြီးအပြောင်းအလဲအပေါ် ဦးလှဆွေနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013