DVB Logo
Home
မြန်မာသတင်း
၃ ကြိမ်မြောက် ခရစ္စမတ်ပွဲတော်ကို ရန်ကုန်မြို့တွင် ကျင်းပမည်
DVB
·
December 20, 2019
Donate to DVB

၃ ကြိမ်မြောက် ခရစ္စမတ်ပွဲတော်ကို ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၂၃ ရက်နေ့က ၂၅ ရက်နေ့အထိ ကျင်းပသွားမယ်လို့ ပွဲကျင်းပရေး တာဝန်ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတလျှောက် ရွှေတိဂုံဘုရားလမ်းကနေ သိမ်ဖြူလမ်းထိပ်အထိ၊ ဧမာနွေလ ဘုရားကျောင်းရှေ့ (မဟာဗန္ဓုလပန်းခြံ)၊ အလုံမြို့နယ်အတွင်းမှာရှိတဲ့ သခင်မြပန်းခြံနဲ့ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းပန်းခြံတွေမှာ ၃ ရက်ကြာ ကျင်းပသွားမယ်လို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က စိန်မေရီကာသီဒြယ် ဘုရားကျောင်းမှာ ကျင်းပတဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပွဲကျင်းပရေး တာဝန်ခံတွေက ပြောခဲ့တာပါ။ 

ဖွင့်ပွဲကို ဗိုလ်ချုပ်လမ်းမှာရှိတဲ့ Holy Trinity Anglican Yangon ဘုရားကျောင်းအရှေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ပွဲတော်ကာလ အတွင်းမှာ တေးဂီဖျော်ဖြေပွဲအစီအစဉ်တွေ နဲ့ စတုဒိသာ အကျွေးအမွေးအစီအစဉ်တွေလည်း ပါဝင်ပြီး မည်သူမဆို ခရစ္စမတ်ပွဲတော် ပါဝင်ဆင်နွှဲဖို့ကိုလည်း ပွဲကျင်းပရေးတာဝန်ခံတွေက ဖိတ်ခေါ်ထားပါတယ်။ 

ဒါအပြင် သက်ဆိုင်ရာ ဘုရားကျောင်းတွေအတွင်းကိုလည်း လေ့လာလည်ပတ်နိုင်မှာလည်း ဖြစ်ပြီး ရန်ကုန် ခရစ္စမတ်ပွဲတော်ကို ၂၀၁၇ ခုနှစ်ကတည်းက ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013