DVB Logo
Home
မြန်မာသတင်း
သမ္မတအိမ်တော်တွင် ခရစ္စမတ်အကြိုဆုတောင်းမေတ္တာပို့
DVB
·
December 20, 2019
Donate to DVB

မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့ သမ္မတ ဦးဝင်းမြင့်၊ ဇနီး ဒေါ်ချိုချို မိသားစုတို့အတွက် လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန်အသင်းသူအသင်းသားတွေက သမ္မတအိမ်တော်မှာ ခရစ်တော်မွေးနေ့အကြို ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။

လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာ ဦးစောအောင်အောင်လွင် ဦးဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၁၉ ရက် ညနေက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှာ ခရစ်တော်မွေးနေ့အကြိုအဖြစ် လာရောက် ဆုတောင်းမေတ္တာပို့သ ခရစ္စမတ်ဓမ္မတေးများသီဆိုကြပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းခဲ့ကြပါတယ်။

သမ္မတနဲ့ ဇနီးတို့က လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အသင်းသူ အသင်းသားတွေကို အမှတ်တရလက်ဆောင်ပေးအပ်ခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန် ပါတယ်။

အလားတူ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက ယူနိုက်တက်ပင်တီကုတ္တေ အသင်းတော် (ရန်ကုန်)မှ လူငယ်ခေါင်းဆောင် ဆရာမိုက်ကယ်ဂျေဆင် ဦးဆောင်တဲ့အဖွဲ့၊ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီမှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာ မန်းပါမာစတန်နဲ့ လူငယ်အမှုဆောင်အတွင်းရေးမှူး ဆရာ ပွီးယာတို့ ဦးဆောင်တဲ့အဖွဲ့တို့ကလည်း သမ္မတအိမ်တော်မှာ ခရစ်တော်မွေးနေ့အကြို လာရောက်ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013