DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတုပိုးသတ်ဆေး မသုံးရန် ပညာရှင်များ တိုက်တွန်း
DVB
·
February 8, 2013
Donate to DVB

ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဓာတုပိုးသတ်ဆေးတွေ အရမ်းမသုံးဖို့ စိုက်ပျိုးရေးပညာရှင်တွေက ပြောပါတယ်။

ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဓာတုပိုးသတ်ဆေးတွေကို အသုံးပြုတဲ့အတွက် လူတွေကို အန္တရာယ်ဖြစ်စေသလို ရေရှည်မှာလည်း မြေဆီလွှာကို ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။

Golden Plain ရဲ့ စိုက်ပျိုးရေးအတိုင်ပင်ခံ ဦးမောင်မောင်ထွေးက “ဟင်းသီးဟင်းရွက်တွေကို ပိုးသတ်ဆေးတွေ ဖျန်းတယ်။ ဓာတုဆိုတာက စက်ရုံကထုတ်လုပ်တဲ့ ဓာတုပိုးသတ်ဆေးတွေကိုပြောတာ လူတွေကို အန္တရာယ်အဆိပ်ဖြစ်စေတယ်။ ဒါပေမယ့် တောင်သူတွေကတော့ ဆေးဖျန်းပြီးရင် ၁ လ ၁၅ ရက်လောက် အပင်ပေါ်မှာနေပြီးတော့ ပိုးတွေကို သေစေတယ်ဆိုပြီး ပိုကြိုက်ကြတယ်။ အဲလိုဆေးတွေ သုံးလေလေ စားသုံးသူတွေအတွက် အန္တရာယ်ဖြစ်စေလေပဲ။”

စိုက်ပျိုးရေးသမားအများစုကတော့ ဓာတုဆေးတွေကို စက်ရုံက ထုတ်လုပ်တဲ့ ဓာတ်မြေဩဇာ အသုံးပြုရတာထက် အလုပ်ပိုမြန်ဆန်တဲ့အတွက် သုံးသလို သဘာဝဓာတုဆေးတွေလည်း လိုသလောက်မရရှိတဲ့အတွက် ဓာတုဆေးတွေကိုပဲ အဓိကမှီခိုနေရတာ ဖြစ်ပါတယ်။

စိုက်ပျိုးရေး လုပ်ကိုင်သူတဦးက “သဘာဝပစ္စည်းရှားသွားလို့ ဧကအလိုက် နွားချေးတွေ မထည့်နိုင်ဘူး။ ကြက်ချေးလည်း မထည့်နိုင်ဘူး။ ဓာတုဓာတ်မြေဩဇာကတော့ လုပ်ထည့်ရတာ လွယ်တယ်” လို့ ဆိုပါတယ်။

အပင်ဖြစ်ထွန်းဖို့ ဓာတ်မြေဩဇာနဲ့ သဘာဝမြေဩဇာတွေကို အချိုးကျ သုံးရတယ်လို့လည်း ပြောပါတယ်။

ဟင်းသီဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ မြေဩဇာ၊ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေး စတာတွေကို အသုံးပြုနေကြပါတယ်။ အထူးသဖြင့် ဆောင်းသီးနှံတွေမှာ ပိုးမကျအောင် ဓာတုပိုးသတ်ဆေး ဖျန်းပေးနေကြရတာပါ။

သဘာဝမြေဩဇာနဲ့ စိုက်ပျိုးထားတဲ့ သီးနှံတွေက စားသုံးသူအတွက် အကျိုးရှိစေသလို သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

ဒါပေမယ့်  သဘာဝဓာတ်မြေဩဇာတွေကို ရှာဖွေရတာနဲ့ ပြုလုပ်ရတဲ့ အချိန်တွေ ရှိတာကြောင့် အလွယ်တကူဝယ်ယူလို့ရတဲ့ ဓာတ်မြေဩဇာ အသုံးပြုမှုတွေ ပိုများလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013