DVB Logo
Home
မြန်မာသတင်း
အန်ဒရူးကောင်း၏ စန္ဒရားလက်သံနှင့်အတူ ‘မပြိုသည့်မိုး’ သီချင်းဖြင့်အစွမ်းပြခဲ့သူ မူးလာ (ရုပ်သံ)
DVB
·
December 20, 2019
Donate to DVB

မနေ့က ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တွေဟာ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေနဲ့ စိတ်ခွန်အားဖြစ်စေတဲ့ အကျိုးပြုသီချင်းတွေနဲ့ အစွမ်းကုန်ယှဉ်ပြိုင် ခဲ့ကြပါတယ်။

ဒီအဆင့်မှာတော့ Top Finalists ၄ ယောက်ဖြစ်ကြတဲ့ အက်စတာဒေါ့သ်ချင်းဆုန်၊ မူးလာ၊ အေးမြဖြူနဲ့ ဘင်ဂျမင်ဆုန်းတို့နဲ့အတူ Wild Card နဲ့ ပြန်လည်ရောက်ရှိလာခဲ့သူ တန်ခွန်ကျော်တို့က အစွမ်းပြယှဉ်ပြိုင်ခဲ့ကြတာပါ။

ပြိုင်ပွဲဝင်မူးလာကတော့ ပြိုင်ပွဲတလျှောက် မြူးမြူးကြွကြွသီချင်းတွေနဲ့သာ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာသံသီချင်းနဲ့ သီဆိုဟန်ကိုတော့ ပရိသတ်တွေက ခုသီတင်းပတ်မှာ ထူးထူးခြားခြား ရှုစားခဲ့ကြရတာပါ။

သူရွေးချယ်ခဲ့တဲ့ သီချင်းကတော့ နာမည်ကြီးရုပ်ရှင်ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ မပြိုသည့်မိုးသီချင်းဖြစ်ပြီး ဒီနာမည်နဲ့ပဲ ဒါရိုက်တာ ဦးဝင်းဖေရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားထဲက ဇာတ်ဝင်သီချင်းတပုဒ် ဖြစ်ပါတယ်။

ဒီသီချင်းကို ဝါရင့်  စန္ဒရားပညာရှင်ကြီး အန်ဒရူးကောင်း လက်စွမ်းပြကူညီတီးခတ် ဖြေဖျော်သွားခဲ့လို့ ဒိုင် ၃ ယောက်စလုံး မတ်တပ်ရပ် ဂုဏ်ပြု ခဲ့ကြပြီး ပရိတ်သတ်တွေအကြိုက်တွေ့ခဲ့ကြပါတယ်။ 

ပုသိမ်မြို့မှ လာရောက်ယှဉ်ပြိုင်သူ မူးလာဟာ မြန်မာအိုင်ဒေါရဲ့ Performance Show မှာတော့ အငဲရဲ့ ‘အနိုင်နဲ့ပိုင်း’၊  Rock Week မှာတော့ ဇော်ဝင်းထွဋ်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ‘ဒီလိုသေချာတယ်’၊ အမှတ်တရ တက္ကသိုလ်သီချင်းတွေနဲ့ တတိယသီတင်းပတ်မှာတော့ တေးသံရှင်ဖိုးချိုရဲ့ ‘အဆောင်သရဲ’သီချင်း၊ ကန်းထရီးကျေးလက်သီချင်းတွေနဲ့ ညမှာတော့ ရင်ဂိုရဲ့ နာမည်ကြီးသီချင်း ‘တောင်ပံပါရင် မင်းဆီကို’၊ ပဉ္စမမြောက်သီတင်းပတ် စိုးလွင်လွင် သီချင်းတွေနဲ့ညမှာတော့ ‘ကိုယ်ချစ်’၊ ဟေမာန်ဆောင်းအမှတ်တရသီချင်းတွေနဲ့ညမှာတော့ အဆိုတော် ဖိုးချိုရဲ့ ‘အလွမ်းည ဟေမာန်’၊ ထင်ရှားကျော်ကြားတေးသီချင်းတွေနဲ့ညမှာတော့ ‘တယောက်တည်းလား’သီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး တဆင့်ပြီးတဆင့် တက်လှမ်းလာနိုင်ခဲ့တာပါ။

ခုတပတ်ရဲ့ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေနဲ့ညဟာလည်း မူးလာက ဒိုင်တွေကိုရော ပရိသတ်တွေအားလုံးကိုပါ အံ့အားသင့်ရလောက်အောင် ကောင်းမွန်သေသပ်တဲ့ သီဆိုယှဉ်ပြိုင်မှုတွေနဲ့ အစွမ်းပြသွားခဲ့ပြီး စိတ်ခွန်အားဖြစ်စေသော သီချင်းတွေနဲ့ ယှဉ်ပြိုင်မှုမှာတော့ သူက အဆိုတော် လင်းလင်းရဲ့ သံမဏိလိပ်ပြာသီချင်းနဲ့ ထပ်ပြီးတော့ အစွမ်းပြနိုင်ခဲ့တာပါ။

ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ အဆုံးအဖြတ်ပေးမယ့် အခုညရဲ့ Result Show မှာတော့ ပြိုင်ပွဲဝင် Top finalists ၅ ယောက်ထဲက ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက်သွားရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013