DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့လေးခုက ကျပ် သန်း ၆၀၀ ကျော် အလွဲသုံးစားလုပ်ခဲ့ဟု စာရင်းစစ်ချုပ်တင်ပြ
DVB
·
December 20, 2019
Donate to DVB

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် ရဲတပ်ဖွဲ့လေးခုက ကျပ် သန်း ၆၀၀ ကျော် အလွဲသုံးစားလုပ်ခဲ့ဟု စာရင်း စစ်ချုပ်က ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံ တင်ပြခဲ့ပါတယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ဒီဇင်ဘာ ၁၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၈ ခုနှစ် ဧပြီကနေ စက်တင်ဘာလထိ ၆ လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို တင်သွင်းတာမှာ အခုလိုတင်ပြခဲ့တာပါ။

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့ရုံး၊ မန္တလေး အမှတ်(၄) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ (ရွှေစာရံ)၊ စစ်ကိုင်း အမှတ်(၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းနဲ့ ရေနံချောင်း အမှတ် (၁) ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲတို့က ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ကျပ်သန်း ၆၀၀ ကျော် အလွဲသုံးစားလုပ်ခဲ့တယ်လို့ ပြည်ထောင်စုစာရင်း စစ်ချုပ် ဦးမော်သန်းကိုယ်တိုင် အစီရင်ခံခဲ့တာပါ။

“အလွဲသုံးစားပြုငွေတွေဖြစ်တဲ့ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှုးရုံး ကျပ်သန်း ၄၀၇ ဒသမ ၄၀၉၊ အမှတ်(၄) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (ရွှေစာရံ) မန္တလေး ကျပ်သန်း ၈၇ ဒဿမ ၈၉၄၊ အမှတ်(၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း စစ်ကိုင်းမြို့ ကျပ်သန်း ၁၀၀ ဒဿမ ၅၀၅၊ အမှတ်(၁) ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (ရေနံချောင်း) ကျပ်သန်း ၂၀ ဒဿမ ၈၅၃ တို့မှာ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှုးရုံး အလွဲသုံးစားပြုငွေမှအပ ကျန်အလွဲသုံးစားပြုငွေတွေကို သက်ဆိုင်ရာငွေ ထုတ်စာရင်းတွေကို ပြန်လည်ပေးသွင်းပြီးဖြစ်တာ တွေ့ရှိရပါတယ် ” လို့ ဦးမော်သန်းက ဆိုပါတယ်။

ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှုးရုံးရဲ့ အလွဲသုံးစားပြုငွေတွေကို အတတ်နိုင်ဆုံးပြန်လည်ရရှိရေး ကြိုးပမ်းဆောင်ရွက်ဖို့နဲ့ ရုံးချုပ်နဲ့ ဒေသအသီးသီးရှိ ရုံးဌာနတွေက ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုစနစ်ကို ပြန်လည်စိစစ်ပြင်ဆင်ဖို့နဲ့ လိုက်နာဆောင်ရွက်ရေး ကြီးကြပ်ကွပ်ကဲဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဒါအပြင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးရဲ့ ကဝမြို့နယ် ကဒါက်စိန်နယ်မြေရဲစခန်း(အချုပ်ပါ) အဆောက်အအုံတလုံးဆောက်လုပ်တဲ့လုပ်ငန်း (ကျပ်သန်း ၇၆ ဒသမ ၃၀၄) ကို စစ်ဆေးတာမှာလည်း ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် ကျပ်သန်း ၁၉ ဒသမ ၀၇၆ ကို ဘဏ္ဍာရေးနှစ်လွန် အသုံးစရိတ် စာရင်းတင်ဆောင်ရွက်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ် ဇွန်လ ၂၄ ထိ ပြီးစီးမှုမရှိကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့လည်း မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း၊ မြေကွက်အမှတ် (၁၃၇/၈)၊ ဦးပိုင်အမှတ်(င)၊ မြေဧရိယာ ၁ ဒသမ ၃၃၁ ဧကကို အထွေထွေအထူးကု ဆေးရုံတည်ဆောက်ဖို့ တနှစ် ကျပ်သိန်း ၁၂၀၊ မြေပရီမီယံကြေး တနှစ် ကျပ်သိန်း ၁၀၀ နှုန်းနဲ့ နှစ် ၅၀ ငှားရမ်း စာချုပ်ချုပ်ဆိုခဲ့တာမှာ သမ္မတရုံးကို မတင်ပြမီ ချုပ်ဆိုခဲ့တဲ့အတွက် သမ္မတရုံးရဲ့ ခွင့်ပြုလမ်းညွန်းချက်နဲ့အညီ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း အစီရင်ခံခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013