DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ခွါသူ ၉ ဦး တောင်ပြိုလက်ဝဲမှ ထပ်မံဝင်ရောက်
DVB
·
December 19, 2019
Donate to DVB

ဘင်္ဂလားဒေ့ရှ်ရောက်နေရပ်စွန့်ခွါသူဒုက္ခသည် ကိုးဦးဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းမှတဆင့် ဒီဇင်ဘာ ၁၇ ရက် နေ့လည်ပိုင်းက မြန်မာနိုင်ငံကို ထပ်မံဝင်ရောက်လာပါတယ်။

မိမိတို့ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာတဲ့  နေရပ်စွန့်ခွာသူ အိမ်ထောင်စုနှစ်စုက အမျိုးသား လေးဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ကိုးဦးတို့ ပြန်လည်လက်ခံရေးစခန်းကို ဝင်ရောက်လာကြတာပါ။ 

တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းတာဝန်ရှိသူ တဦးက "ဟုတ်ပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မိသားစု ၂ စု လူက ၉ ဦး တောင်ပြိုလက်ဝဲက ထပ်မံဝင်ရောက်လာတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့မှာလည်း မိသားစု ၂ စု၊ လူ ၁၁ ဦး သူတို့ဆန္ဒအလျှောက်ဝင်လာကြတာရှိတယ်။ သူတို့ကို UEHRD အစီအစဉ်နဲ့ တောင်ပြို ပြန်လည်လက်ခံရေးစခန်းမှာပဲ လက်ခံမှုတွေပြုလုပ်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက်က ပြန်လည်ဝင်ရောက်လာသူတွေဟာ မောင်တောမြို့နယ် ကျောက်ချောင်းအလယ်ရွာမှာနေထိုင်ခဲ့တဲ့ မိသားစု ၁ စု၊ လူဦးရေ ၆ ဦးနဲ့ မောင်တောမြို့  မြို့မမြောက်ရပ်ကွက်မှာ နေထိုင်ခဲ့တဲ့ မိသားစု ၁ စု လူဦးရေ ၄ ဦး ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က ပြန်လည်ဝင်ရောက်လာသူတွေကတော့ မောင်တောမြို့နယ်တောင်ပိုင်း ငါးခူရကျေးရွာမှာ နေထိုင်ကြတဲ့  မိသားစု ၂ စု လူဦးရေ ၁၁ ဦးဖြစ်ကြပါတယ်။ 

ပြန်ရောက်လာသူတွေကို  UEHRD အစီအစဉ်နဲ့ လက်ခံရေးစခန်းတခုမှာ ပြန်လည် လက်ခံခဲ့ကာ  တဦးချင်းလုံခြုံရေးဆိုင်ရာရှာဖွေ စစ်ဆေးမှုတွေနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ် ပြီးနောက် EID မှတ်တမ်းယူခဲ့ပါတယ်။ 

ဒါ့အပြင် NV ကတ်ပြုလုပ်ပေးခဲ့ပြီး လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းသို့ လွှဲပြောင်း ပို့ဆောင်ပေးကာ  စားဝတ်နေရေးအတွက် လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ထောက်ပံ့ ပေးအပ်ခဲ့ပါတယ်။ 

၂၀၁၇ ဩဂုတ် ၂၅ ရက် အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူ ၇ သိန်းလောက်ရှိပြီး  ဆန္ဒအလျှောက် ပြန်လာတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၄၅၇ ဦးရှိပြီဖြစ်ပါတယ်။

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ နေရပ်ပြန်ပို့ဖို့ စီစဉ်ပေးခဲ့စဉ်တုန်းကတော့   တစ်ဦးတစ်ယောက်မျှ ပြန်လည်ဝင်ရောက်လာခဲ့ခြင်း မရှိခဲ့ပါဘူး။

ကောင်းကောင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013