DVB Logo
Home
မြန်မာသတင်း
ချုံရှင်းခ ကျပ်သိန်း ၄၀၀၀ ကုန်ကျသည့်ကိစ္စ ဌာနမှတ်တမ်းမရှိဟု ထားဝယ် လေဆိပ်တာဝန်ခံ ထွက်ဆို 
DVB
·
December 17, 2019
ချုံရှင်းခ ကျပ်သိန်း ၄၀၀၀ ကုန်ကျသည့်ကိစ္စ ဌာနမှတ်တမ်းမရှိဟု ထားဝယ် လေဆိပ်တာဝန်ခံ ထွက်ဆို 
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်ရဲ့ အမှုကို  အကြိမ် ၄၀ မြောက်အဖြစ် တိုင်းတရားရုံးမှာ ဒီဇင်ဘာ ၁၆ ရက်က ရုံးထုတ်စစ်ဆေးရာမှာ   ထား၀ယ်လေဆိပ်တာ၀န်ခံကို စစ်ဆေးခဲ့ပါတယ်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်နဲ့ GGSကုမ္ပဏီ တာ၀န်ရှိသူ ၃ ဦးကို မနေ့က ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ ထား၀ယ်လေဆိပ်တာ၀န်ခံဦးမြင့်လှိုင်ဦးကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဦးမြင့်လှိုင်ဦးဟာ အရင် ထား၀ယ်လေဆိပ်တာ၀န်ခံ ဦးထွန်းထွန်း၀င်းဆောင်ရွက်ခဲ့တဲ့ ၃ နှစ် ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်တွေကို လေ့လာခဲ့ရာမှာ ဦးထွန်းထွန်း၀င်းလက်ထက်က ၂ ကြိမ် လေဆိပ်ချုံရှင်းတဲ့လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း  ဦးမြင့်လှိုင်ဦးက တရားခွင်မှာ ထွက်ဆိုပါတယ်။

အခုအခင်းဖြစ်နေတဲ့ ကျပ်သိန်း ၄၀၀၀ နဲ့ ထား၀ယ်လေဆိပ် ချုံနွယ်ရှင်းလင်းတဲ့ ကိစ္စကိုတော့  ဦးမြင့်လှိုင်ဦးက မသိပါဟု တရားခွင်မှာ ထွက်ဆိုခဲ့သလို ဌာန မှတ်တမ်းမှာလည်း မရှိလို့ မသိခြင်း ဖြစ်တယ်လို့ ထွက်ဆိုသွားပါတယ်။

ထားဝယ်လေဆိပ် ချုံရှင်းရာမှာ ပထမ ၃၄ ဒသမ ၈၉ ဧကကို ၁ ဧကလျှင် ၂၀၀၀၀ ကျပ်နှုန်း၊ ဒုတိယ စတုရန်းပေ ၂၄၀၀၀၀ ကို ၁ စတုရန်းပေလျှင် ၁၆၆ ကျပ်နှုန်းနဲ့ ခွင့်ပြုလုပ်ကိုင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၆ခုနှစ်က တနင်္သာရီတိုင်းဒေသကြီးအစိုးရက F22 Sunny ဆောက်လုပ်ရေးကုမ္ပဏီအား ထား၀ယ်လေဆိပ် ချုံနွယ်ရှင်းလင်းခြင်းလုပ်ငန်းကို တာ၀န်ပေး ဆောင်ရွက်စေခဲ့ပြီး ငွေကျပ်သိန်း ၄၀၀၀ သုံးစွဲခဲ့တယ်လို့ စွပ်စွဲခံရတာပါ။

မနေ့က တရားခွင်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ညွှန်ကြားရေးမှူး သန်းဇော်၀င်းကိုလည်း ရုံးခေါ်သက်သေအဖြစ်စစ်ဆေးခဲ့တယ်လို့ တနင်္သာရီတိုင်း တရားလွှတ်တော်  တရားရေးဦးစီးမှူးဒေါ်အေးအေးသန်းက ပြောပါတယ်။

တရားလိုပြသက်သေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုညွှန်မှူးဟောင်း ဦးကောင်းစံဦးကို စစ်ဆေးဖို့ ချိန်းထားပေမယ့် ကျန်းမာရေးမကောင်းလို့ မလာရောက်နိုင်တဲ့အတွက်  ဒီဇင်ဘာ ၂၇ ရက်ကို ရုံးချိန်း ပြန်လည်ချိန်းဆိုထားပါတယ်။

တင့်လွင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013