DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေနှင့် အစိုးရစစ်တပ် တိုက်ပွဲများ ဆက်ဖြစ်
DVB
·
February 7, 2013
ကေအိုင်အေနှင့် အစိုးရစစ်တပ် တိုက်ပွဲများ ဆက်ဖြစ်
Donate to DVB

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းက  ရွှေလီမှာ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်ပိုင်း အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲတွေ ထပ်ဖြစ်နေတယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။

ကေအိုင်အေ တပ်မဟာ ၄ နယ်မြေမှာ အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားပုံကို ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းက “တိုက်ပွဲကပြင်းပြင်းထန်ထန် မဖြစ်ပေမယ့် အစိုးရစစ်ကြောင်းလှုပ်ရှားမှုတွေ အမြဲရှိတယ်။ မနေ့က တပ်မဟာ ၄ တပ်ရင်း ၉ တပ်ဖွဲ့ဝင်တွေကို တပ်ရင်း ၃ ရင်း စစ်ကြောင်း ၃ ကြောင်းကနေ လိုက်ပြီးတော့ နောက်ကနေ လိုက်ရှင်းလင်းတဲ့ပုံစံလုပ်တယ်။ ဒါက ၃-၄ ရက်လောက်ကြာပါပြီ။ မနေ့ကတော့ ညနေ ၄ နာရီနဲ့ ၆ နာရီကြားမှာ ဘယ်လိုမှရှောင်လွှဲလို့မရဘဲ တိုက်ပွဲတော့ဖြစ်သွားတယ်။ ကျနော်တို့ဘက်ကတော့ ဒီကနေညွှန်ကြားထားတဲ့အတိုင်း အစိုးရတပ်နဲ့ ထိပ်တိုက်မဖြစ်အောင် တိုက်ပွဲတွေမဖြစ်အောင် ညွှန်ကြားထားတယ်။ ဒါပေမယ့် အစိုးရစစ်တပ်ကနေ လိုက်ပြီးတော့ နောက်က တကောက်ကောက်လိုက်တဲ့အခါမှာ ဘယ်လိုမှရှောင်လို့မရဘဲ တိုက်ပွဲ ၁ ပွဲဖြစ်သွားတယ်” လို့ ပြောပါတယ်။

[caption id="attachment_36205" align="alignleft" width="300" caption="ဖေဖော်ဝါရီ ၄ ရက်နေ့က ရွှေလီမှာ တွေ့ဆုံဆွေးနွေးခဲ့စဉ်(ဓာတ်ပုံ- Wint Wint Htet Hlaing)"][/caption]

အလားတူ ကေအိုင်အေ တပ်မမဟာ ၁ နယ်မြေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

“ကေအိုင်အေ တပ်မဟာ ၁ ခွင်၊ တပ်ရင်း ၁၀ ရဲ့ ရှေ့တန်းစခန်း ၁ ခုကို မနေ့က အစိုးရစစ်တပ်ကလာသိမ်းတဲ့ပုံစံ တိုက်ပွဲ ၁ ခုတော့ဖြစ်တယ်။ သိမ်းတဲ့ပုံစံတော့ မရောက်ဘူး လာပစ်တာပေါ့။ ပြီးတော့ ပြန်ဆုတ်သွားတယ်။ တိုက်ပွဲပြင်းပြင်းထန်ထန်တော့မရှိဘူး။ ဒါပေမယ့် အစိုးရစစ်တပ်ကနေ လိုက်လံပြီးတော့ တိုက်ပွဲငယ်တွေဖန်တီးတာ၊ လုပ်တာမျိုး ရှိတုန်းပဲ။”

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာလည်း တိုက်ပွဲငယ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပြီး အစိုးရနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲလျှော့ချနိုင်ဖို့နဲ့ ဆက်လက်ဆွေးနွေးဖို့အတွက် တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ဖို့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က အဆိုပြုထားပြီးဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

“ဆွေးနွေးပွဲမှာ ဆွေးနွေးတဲ့အထဲမှာ တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းထားဖို့။ တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းမထားတော့ ရှုပ်ထွေးမှုတွေဖြစ်သွားပြီးတော့ တယောက်နဲ့တယောက် အထင်လွဲတာတွေဖြစ်တာလေ။ ဒါကြောင့် တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းထားဖို့ အဆိုပြုတာရှိတယ်။ အဲအစည်းအဝေးမှာ ဦးအောင်မင်းကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ အစိုးရဘက်ကနေ ဒီလူတွေ ဒီလူတွေကို ကေအိုင်အေနဲ့ ဆက်သွယ်ဖို့ တရားဝင်တာဝန်ပေးတယ်၊ သူတို့ကို ဆက်သွယ်ပါဆိုပြီး တာဝန်ပေးတယ်။ ကေအိုင်အေဘက်ကတော့ ပြန်လာတာမရှိသေးဘူး။”

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဟာ  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကမှ တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ တရုတ်-မြန်မာနယ်စပ် ရွှေလီမှာ နှစ်ဖက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပြီး  စစ်ရေးအရှိန်လျှော့ချဖို့ သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကတော့ ကချင်နဲ့မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုကနေ ပူးပွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့တဲ့အပေါ်  ကြိုဆိုလိုက်ပြီး ကချင်ပြည်နယ်မှာ စစ်မှန်တဲ့ ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရအောင် ဆက်လက် ကြိုးပမ်းအားထုတ်ဖို့ မနေ့က ကြေညာချက်ထုတ်ပြန်  တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013