DVB Logo
Home
သတင်းဓာတ်ပုံ
ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အဆင်မြင့်အရာရှိများ ဆွေးနွေး (သတင်းဓာတ်ပုံ)
DVB
·
February 7, 2013
ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အဆင်မြင့်အရာရှိများ ဆွေးနွေး (သတင်းဓာတ်ပုံ)
Donate to DVB

ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးနဲ့ ပေါင်းစည်းရေးဆိုင်ရာ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး အဆင်မြင့်အရာရှိတွေရဲ့ ဆွေးနွေးပွဲကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အာရှဒေသရှိ လုပ်ငန်းများကို ထောက်ပံ့မှုများပေးနေတဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေကို တရှိန်ထိုး အကောင်အထည်ဖော်တဲ့နေရာမှာ လိုအပ်နေတဲ့ စွမ်းရည်မြှင့်တင်ရေးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဋ္ဌ မစ္စတာ Haruhiko Kuroda အပါအ၀င် စီးပွားရေးပညာရှင်များ၊ နိုင်ငံရေးပါတီများမှလည်း တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲကို မနက်ဖြန် ရန်ကုန်မြို့မှာ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ကျော်ဇေယျာဝင်း

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013