သာကေတ တိုင်းရင်းသားကျေးရွာတွင် ရခိုင်ပြည်နယ်နေ့ပွဲ ကျင်းပ
DVB
·
December 16, 2019
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာမှာ ၄၅ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်ရက်ကြာ ကျင်းပပါတယ်။
ပွဲတော်ရက်အတွင်း ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ၊ ခေါင်းအုံးရိုက်ပွဲနဲ့ လွန်ဆွဲပွဲတွေနဲ့ ရိုးရာစာပေ၊ အဝတ်အထည်၊ အမှတ်တရလက်ဆောင်ပစ္စည်းနဲ့ ရခိုင်ရိုးရာ အစားအသောက်တွေ ရောင်းချတဲ့ စျေးဆိုင်တွေလည်း ဖွင့်လှစ် ရောင်းချပါတယ်။
ဈေးဆိုင်တွေဟာ ပရဟိတအဖွဲ့အစည်းတွေက ရန်ပုံငွေရှာဖွေဖို့ ရောင်းချကြတာ ဖြစ်ပြီး ဆိုင်ခန်းမြေနေရာ ငှားရမ်းခ ပေးသွင်းစရာ မလိုဘဲ အခမဲ့ ရောင်းချခွင့်ပေးထားတယ်လို့ သိရပါတယ်။
Photo - Aung Naing Oo / MPA
![]() |
![]() |
---|---|
![]() |
![]() |
![]() |
![]() |
![]() |
![]() |