DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများကို ကော်မတီဖွဲ့စည်းပြီး သမ္မတ စိစစ်မည်
DVB
·
February 7, 2013
နိုင်ငံရေးအကျဉ်းသားများကို ကော်မတီဖွဲ့စည်းပြီး သမ္မတ စိစစ်မည်
1 / 2
Donate to DVB

အစိုးရက ဖွဲ့စည်းဖို့ပြင်နေတဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှာ ပါဝင်ဆောင်ရွက်ဖို့ ဒီနေ့ပဲ ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

နိုင်ငံတ၀န်း အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်ဖို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းခေါင်းဆောင်တဲ့ ကော်မတီဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက် ထွက်ပေါ်လာပြီးနောက် အေအေပီပီက အခုလို ပြောကြားလိုက်တာပါ။

[caption id="attachment_36194" align="alignright" width="150" caption="ဦးတိတ်နိုင်"][/caption]

“ဒီလိုကော်မတီဖွဲ့တာက ကြိုဆိုရမှာဖြစ်တယ်။ ပါဝင်လည်း ပါဝင်ထိုက်ပါတယ်။ ကျနော်တို့ရဲ့ အကြံပေးမှုတွေ၊ ကျနော်တို့ရဲ့ သတ်မှတ်ချက်တွေ ဘယ်လောက်အကောင်အထည်ဖော်နိုင်မလဲ၊ ဘယ်လောက်အသံထွက်နိုင်မလဲဆိုတာ ဆက်ညှိနှိုင်းရမယ့် အခြေအနေရှိပါတယ်။”

နိုင်ငံတော်သမ္မတရုံးရဲ့ ကြေညာချက်ထဲမှာ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို အစိုးရ၀န်ကြီးဌာနတွေက ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဆောင်ရွက်သွားရမယ်လို့ ဖော်ပြထားပါတယ်။

ကော်မတီအနေနဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ လွတ်ခွင့်ပြုဖို့ သတ်မှတ်ချက်တွေ ညှိနှိုင်းရေးဆွဲခြင်းနဲ့ လွှတ်ပေးသင့်သူတွေကို လွှတ်ပေးဖို့ ညှိနှိုင်းဆောင်ရွက်ပြီး စိစစ်တွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတထံ တင်ပြသွားရမယ်လို့ ဆိုပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိဘူးလို့ နိုင်ငံတကာမှာ အစဉ်အမြဲ တုံ့ပြန်ပြောဆိုလေ့ရှိတဲ့ မြန်မာအစိုးရအနေနဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ  နိုင်ငံရေး အကျဉ်းသားဆိုတဲ့ စကားလုံးကို ပထမဆုံးအကြိမ် အသိအမှတ်ပြု သုံးစွဲလိုက်တာလည်း ဖြစ်ပါတယ်။

အစိုးရက နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာ ဖွင့်ဟပြောကြားတဲ့အပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က “နိုင်ကျဉ်းရှိတယ်ဆိုတာ ဂုဏ်သိက္ခာရှိရှိ ဖွင့်ဟကြေညာပေးပါဆိုတာတော့ အခု မနေ့ကဆို ဖွင့်ဟကြေညာတာပဲလေ။ ဒါက အပေါင်းလက္ခဏာဆောင်တယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနဲ့ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေရဲ့ လက်ကျန်အကျဉ်းသား ညှိနှိုင်းစာရင်းတွေအရ ထောင်အသီးသီးမှာ အကြမ်းဖျင်းအားဖြင့်  နိုင်ငံရေးအကျဉ်းသားပေါင်း ၂၃၄ ဦး ကျန်ရှိနေသေးတယ်လို့ အေအေပီပီက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013