DVB Logo
Home
မြန်မာသတင်း
ကိုရီးယားမင်းသားနှင့် ဝတ်မှုန်ရွှေရည်တို့ ပါဝင်သည့် “တိမ်တွေပေါ်ကပန်း” ရုပ်ရှင် ရုံတင်မည်(နမူနာ)
DVB
·
December 16, 2019
ကိုရီးယားမင်းသားနှင့် ဝတ်မှုန်ရွှေရည်တို့ ပါဝင်သည့် “တိမ်တွေပေါ်ကပန်း” ရုပ်ရှင် ရုံတင်မည်(နမူနာ)
Donate to DVB

ကိုရီးယား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ရိုက်ကူးထားတဲ့ အချစ်ဒရာမာ ရုပ်ရှင် ‘တိမ်တွေပေါ်ကပန်း’ကို လာမယ့်ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ Big Five ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ JVJ Entertainment တို့ ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်က  ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ တောင်ပေါ်မြို့လေးတမြို့က မိဘမဲ့ဂေဟာတခုမှာ စိတ်ဒဏ်ရာတခုနဲ့ ကြီးပြင်းခဲ့ရပြီး သီချင်းဆိုရတာ ဝါသနာပါတဲ့ ကောင်မလေးတယောက်။ သူ့ကို  လူထုပရိသတ်တွေရှေ့ ထွက်ပြီး သီချင်းတွေ သီဆိုဖျော်ဖြေနိုင်ဖို့ ကူညီပေးခဲ့တဲ့ ကိုရီးယားနိုင်ငံက ကောင်လေးတယောက်။ သူတို့နှစ်ယောက်ကြားက ပတ်သက်ဆက်နွှယ်လာတဲ့ နူးညံ့တဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာပါ။

ဒီကားထဲမှာ အဓိကသရုပ်ဆောင်တွေအနေနဲ့ ကိုရီးယားသရုပ်ဆောင်မင်းသား Ryu Sang Wook နဲ့ မြန်မာသရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ ကျော်ထက်အောင်၊ ဝတ်မှုန်ရွှေရည်၊ မေသန်းနုတို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာ ပါဝင်မယ့် ဇာတ်ဝင်ခန်းတွေကိုတော့ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဘူဆန်မြို့နဲ့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တွေမှာလည်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

‘တိမ်တွေပေါ်ကပန်း’ ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာပါ။

လှပတဲ့ တေးသွားတွေနဲ့ ဇာတ်ဝင်သီချင်းတွေ၊ ရှုခင်းအလှအပတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောအချိန်ထိ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းနီးပါး ရှိနေပါတယ်။

Photo&Video : Big 5 Film Production

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013