DVB Logo
Home
မြန်မာသတင်း
ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ကချင်နှင့် ရခိုင်ပြည်နယ်ကိုသွားမည်
DVB
·
February 7, 2013
ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ကချင်နှင့် ရခိုင်ပြည်နယ်ကိုသွားမည်
Donate to DVB

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး  အထူးသံကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနားဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ ကချင်နဲ့ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ရယူဖို့ ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၆ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဒီခရီးစဉ်ဟာ ကင်တားနားရဲ့ ၇ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ကချင်နဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခွင့်ရဖို့အတွက် အာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။

[caption id="attachment_20660" align="alignright" width="150" caption="သောမတ်စ်အိုဟေး ကင်​တာ​နား​"][/caption]

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ မစ္စတာ ကင်တားနားက “ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ ပိုအဆင်မြင့်လာတာက တကယ့်ကို စိုးရိမ်စရာပါ။  ကျနော့်ရဲ့ ခရီးစဉ်က အဲဒီနေရာ အခြေအနေနဲ့ ရွာသားတွေကို ထိခိုက်မှု ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲဖို့နဲ့ လူနည်းစုကိစ္စတွေမှာ တိုးတက်အောင်လုပ်ဖို့ လိုတယ်” လို့ တိုက်တွန်းထားပါတယ်။

ဒါ့ပြင်  အရင်နှစ် ဇွန်နဲ့ အောက်တိုဘာလက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် လက်ရှိ အခြေအနေဟာ ပူပန်စရာကောင်းတယ်လို့လည်း မစ္စတာ ကင်တာနားက ပြောပါတယ်။

လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာ မတင်ခင်က ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စခန်းထဲက အခြေအနေကိုလည်း သိချင်သလို  အကြမ်းဖက်မှုဖြစ်တာနဲ့  လူတွေ ရွှေ့ပြောင်းရတဲ့ အကြောင်းအရင်းတွေ၊ ရိုဟင်ဂျာ အသိုင်းအ၀န်းအပေါ် ခွဲခြား ဆက်ဆံတာတွေကို ထပ်ပြီးတော့ သိရအောင် လုပ်သွားမယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း အစိုးရအရာရှိတွေ၊ လွှတ်တော်အမတ်တွေ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ လူမှုအဖွဲ့အစည်းတွေနဲ့လည်း ရန်ကုန်နဲ့ နေပြည်တော်မှာ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေး ကာကွယ်ရေး၊ ဒီမိုကရေစီအပြောင်းအလဲ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် အပြုသဘောဆောင်တဲ့ ဆွေနွေးမှုတွေကို အစိုးရနဲ့ အောက်ခြေအဖွဲ့တွေ လုပ်နိုင်မယ်လို့ မျှော်လင့်တယ်ကြောင်းလည်း သူက ပြောပါတယ်။

ခရီးစဉ်ပြီးဆုံးတဲ့ ဖေဖော်ဝါရီ ၁၆ ရက် ညနေမှာတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေ့လာချက်တွေနဲ့ ပတ်သက်ပြီးတော့ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ်ပြီး အစီရင်ခံစာ အပြည့်အစုံကိုတော့ ၂၀၁၃ မတ်မှာ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013