ဟုမ္မလင်းအနီး အင်အားအနည်းငယ်ရှိသည့် ငလျင်လှုပ်
DVB
·
December 15, 2019
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နားမှာ ဒီနေ့ မနက် ၁၀ နာရီခွဲလောက်က ငလျင်တခု လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မနက် ၁၀ နာရီ ၂၃ မိနစ်က တမူးမြေငလျင်စခန်းကနေ အရှေ့မြောက်ဘက် ၇၄ မိုင်လောက်ဝေးတဲ့ ဟုမ္မလင်းမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ၁၈ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားနည်းနည်းရှိတဲ့ ငလျင်တခု လှုပ်သွားတာပါ။











