DVB Logo
Home
မြန်မာသတင်း
အမှန်တကယ် လိုအပ်ချိန်တွင် ဝိုင်းဝန်းရပ်တည်ပေးသည့်အတွက် အမြဲအမှတ်ရနေမည်ဟု အတိုင်ပင်ခံပြော
DVB
·
December 14, 2019
အမှန်တကယ် လိုအပ်ချိန်တွင် ဝိုင်းဝန်းရပ်တည်ပေးသည့်အတွက် အမြဲအမှတ်ရနေမည်ဟု အတိုင်ပင်ခံပြော
Donate to DVB

မြန်မာနိုင်ငံသားတွေအနေနဲ့ အမှန်တကယ် လိုအပ်ချိန်မှာ ဝိုင်းဝန်းရပ်တည်ပေးတဲ့အတွက် မိမိအနေနဲ့ အမြဲအမှတ်ရနေမှာ ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၃ ရက်က သူမ ခေတ္တတည်းခိုနေထိုင်တဲ့ နေရာမှာ နယ်သာလန်နိုင်ငံနဲ့ ပြည်ပနိုင်ငံတွေက လာရောက်ထောက်ခံဝန်းရံကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံစဉ် အခုလို အသိအမှတ်ပြု ပြောဆိုခဲ့တာလို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။

တွေ့ဆုံရာမှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ်က “နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ၏ ညီညွတ်သည့်စိတ်ဓာတ်မှာ အလွန်အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံသည် ရုပ်ပိုင်းဆိုင်ရာ အင်အားတောင့်တင်းသည့် နိုင်ငံမဟုတ်ပါကြောင်း၊ သို့ဖြစ်၍ စိတ်ဓာတ်အင်အား၊ ဝီရိယ၊ ဇွဲလုံ့လ အင်အားတို့ဖြင့် ရပ်တည်ရမည်ဖြစ်ပါကြောင်း၊ အခက်အခဲများနှင့်ရင်ဆိုင်ရာတွင် ပြည်သူများ၏ ဝိုင်းဝန်းပေးမှုများသည် ခွန်အားဖြစ်စေပါကြောင်း၊ မိမိတို့ နိုင်ငံသားများအနေဖြင့် မည့်သည့်နိုင်ငံတွင် နေထိုင်သည် ဖြစ်စေ၊ မည်သည့်နိုင်ငံသားဖြစ်စေ မြန်မာ မိသားစုဝင်များသာ ဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုလျှောက်ထားမှုကို တုံ့ပြန်ဖို့  ဒီဇင်ဘာ ၈ ရက်နေ့တည်းက နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ကို ရောက်နေတာဖြစ်ပြီး ဒီနေ့ နေ့လယ် မြန်မာနိုင်ငံကို ပြန်ရောက်မှာ ဖြစ်ပါတယ်။

Photo : MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013