DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင်  မြန်မာစီးပွားရေးသမားများ ပူးပေါင်းပါဝင်မှုအားနည်းနေ
DVB
·
December 13, 2019
Donate to DVB

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်စေဖို့အတွက်  Earth Hour Challenge ကို WWF Myanmar အဖွဲ့က ဦးဆောင်ကျင်းပဖို့ စီစဉ်နေပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်မှုအားနေတာကြောင့် အခုလို Earth Hour Challeng ကို ကျင်းပမှာဖြစ်တယ်လို့ WWF  Myanmar ရဲ့ ဒါရိုက်တာက ပြောပါတယ်။

ကမ္ဘာမှာ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာအရ  အချိန် ၂ စက္ကန့်အတွင်းမှာ ကမ္ဘာတဝန်းရှိ သစ်တောတွေက ဘောလုံးကွင်း တကွင်းစာနှုန်းနဲ့ ပျက်စီးနေတာတွေ့ရှိရတယ်လို့ လည်းဆိုပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ပြည်သူတွေ ဂရုပြုစေဖို့ နှစ်စဉ်ကျင်းပနေတဲ့ မတ်လ ၂၈ ရက်နေ့ကတော့ Earth Hour နေ့ ကို ကြိုဆို ဂုဏ်ပြုတဲ့အနေနဲ့ Earth hour Challenge ကို ကျင်းပတာ ဖြစ်ပါတယ်။

Earth Hour နေ့ကိုတော့ ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၈၀ ကျော်မှာ နှစ်စဉ်ကျင်းပလေ့ရှိကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013