DVB Logo
Home
မြန်မာသတင်း
ကရင်ကလေးငယ် ၁ သိန်းခန့် ထိုင်းတွင် အလုပ်လုပ်နေရဟု ဝန်ကြီးပြော
DVB
·
December 13, 2019
Donate to DVB

အသက် ၁၄ နှစ်ကနေ ၁၈ နှစ်အတွင်းရှိတဲ့ ကရင်ကလေးငယ် ၁ သိန်းနီးပါး ပညာသင်ကြားခွင့်မရဘဲ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေရတယ်လို့ ကရင်အပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က ပြောပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်ပညာရေးမှူးရုံးမှာ ဒီဇင်ဘာ ၁၂ ရက်ကပြုလုပ်တဲ့ ပညာရေးဌာနကို ကူညီဆောင်ရွက်နေတဲ့ NGO၊ INGO အဖွဲ့အစည်းတွေနဲ့ နဝမအကြိမ်မြောက် ပညာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။

အခမ်းအနားကို ပညာရေးကဏ္ဍမှာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ပညာရေးကဏ္ဍရဲ့ လိုအပ်ချက်တွေနဲ့ အခက်အခဲတွေကိုကျော်လွှားပြီး ကလေးငယ်တွေရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ကျင်းပတာပါ။

ကရင်အပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က “ထိုင်းမှာ ကျနော်တို့ဆီက အသက် ၁၄ နှစ်ကနေ ၁၈ နှစ်အတွင်း ကရင်ကလေး ၁ သိန်းလောက်ရှိတယ်။ ဒါလူကြီး မဟုတ်သေးဘူး။ တကယ်ပညာသင်ရမယ့် ကလေးအရွယ်တွေ ဟိုဘက်မှာ သွားအလုပ်လုပ်နေတယ်။ ဒီကလေးတွေရဲ့ အနာဂတ်ကို ပညာရေးကဏ္ဍကနေ ဆောင်ရွက်ဖို့ရှိတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ ပညာရေးညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဝင်းက “အားလုံး ညှိညှိနှိုင်းနှိုင်းနဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေကို ကူညီပံ့ပိုးနိုင်တာတွေကို ဆွေးနွေးညှိနှိုင်းပြီးတော့မှ ကလေးတွေအတွက် အကောင်းဆုံးဖြစ်အောင် ဘက်ပေါင်းစုံကနေပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမယ် ”လို့ ပြောပါတယ်။

အခမ်းအနားမှာ မြန်မာ-ထိုင်းနယ်စပ်ကနေ ပြန်လည်ဝင်ရောက်လာမယ့် ကလေးတွေရဲ့ ပညာရေးပံ့ပိုးမှုဆိုင်ရာ ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေ၊ တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေက ၂၀၂၀-၂၀၂၁ ပညာရေးအစီအစဉ်နဲ့ စိန်ခေါ်မှုတေွကို မျှဝေတာ၊ အရေးပေါ်အခြေအနေ ပညာရေးကဏ္ဍဆောင်ရွက်မှု (၂၀၁၉) မျှဝေတာနဲ့ ရှေ့လုပ်ငန်းစဉ်(၂၀၂၀) ကို မျှဝေဆွေးနွေးခဲ့ပါတယ်။

ဒါအပြင် ဆယ်ကျော်သက်ရွယ် ကျောင်းသားလူငယ်တွေရဲ့ စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာ အခွင့်အလမ်းတွေအတွက် ဆွေးနွေးတာ၊ အခြေခံပညာရေးကဏ္ဍ ညှိနှိုင်းဆောင်ရွက်မှုစနစ် ပိုမိုအားကောင်းလာရေး၊ ပြန်လည်ဝင်ရောက်မယ့် ကလေးတွေအတွက် ကျောင်းဝင်ခွင့်ဆိုင်ရာ ပံ့ပိုးကူညီရေးလုပ်ငန်းအဖွဲ့ရဲ့ Returnee Education Support Working Group လုပ်ငန်းတာဝန်တွေကို ဆွေးနွေးအတည်ပြုခဲ့ပါတယ်။

အခမ်းအနားကို ကရင်ပြည်နယ်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေတဲ့ NGO၊ INGO၊ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအတွင်းက ပညာရေးအဖွဲ့အစည်းနဲ့ ကရင်ပညာရေးအဖွဲ့အစည်း ၂၂ ဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။

 

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013