DVB Logo
Home
မြန်မာသတင်း
ကျော်သူ၊ ဒေါင်း၊ မို့မို့မြင့်အောင်၊ မေမြင့်မိုရ်တို့ ပါဝင်သည့် ၁၀၁၄ ရုပ်ရှင်(နမူနာ)
DVB
·
December 13, 2019
Donate to DVB

ဝါရင့်သရုပ်ဆောင်မင်းသားကြီး ကျော်သူ ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော်ထား တဲ့ ၁၀၁၄ ရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။

 ဒီရုပ်ရှင်ကားကိုတော့ ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးက ပွဲဦးထွက်အနေနဲ့ ထုတ်လုပ် လိုက်တာ ဖြစ်ပါတယ်။

 ၁၀၁၄ လို့ ထူးထူးခြားခြား အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာနိုင် ငံရဲ့ သာသနာပြုမင်းတစ်ပါးဖြစ်တဲ့ အနော်ရထာမင်းမွေးတဲ့ ၁၀၁၄ ခုနှစ်မတိုင်ခင် အဖြစ် အပျက်တွေကို ရိုက်ကူးထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဗုဒ္ဓသာသနာ ပေါ်ပေါက်လာပုံ တ ပိုင်းတစကိုလည်း ရှုစားကြရမှာ ဖြစ်ပါတယ်။

 ဒီကားထဲမှာ အဓိကသရုပ်ဆောင်တွေအနေနဲ့ ကျော်သူနဲ့အတူ ဒေါင်း၊ ထွန်းကိုကို၊ ထူးအောင်၊ မို့မို့မြင့်အောင်၊ မေမြင့်မိုရ်စတဲ့ သရုပ်ဆောင်တွေက ပါဝင်ထားကြတာပါ။

  ဝါရင့်ရော့ခ်အဆိုတော် ၂ ဦးဖြစ်တဲ့ ဇော်ဝင်းထွဋ်နဲ့ R. ဇာနည်တို့ သီဆိုထားတဲ့ ‘ဓမ္မနှင့် အဓမ္မ’အမည်ရတဲ့ ဒီရုပ်ရှင်ကားထဲက ရုပ်ရှင်ဇာတ်ဝင်တေးဟာလည်း ပရိသတ် တွေကြားမှာ ရေပန်းစားနေခဲ့တာပါ။

 လတ်တလောမှာတော့ ဒီရုပ်ရှင် Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၈ သိန်းကျော်  ရှိနေခဲ့ပြီ ဖြစ် ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013