DVB Logo
Home
မြန်မာသတင်း
‘အသည်းကွဲအထိမ်းအမှတ်’သီချင်းနှင့်အတူ စီးမျောခဲ့သူ အက်စတာဒေါ့သ်ချင်းဆုန် (ရုပ်သံ)
DVB
·
December 13, 2019
Donate to DVB

“နေရောကောင်းရဲ့လား… အချစ်ရေးတော့ မမေးတော့ပါ… ငါစိတ်ပူနေလည်း… နောက်လူရင်ထဲမှာ… အိမ်ပြောင်းသွားပြီလား… အရင်ကလောက် မတွေ့တော့ပါ… စောင့်မျှော်နေလည်း… နောက်ပေါ်မလာတော့ပါ”

ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက တေးရေးဝေကြီးရေးဖွဲ့ပေးထားပြီး မျက်နှာ သစ်တေးသံရှင် ဖြူဖြူဟန်သီဆိုအောင်မြင်ခဲ့တဲ့ ‘အသည်းကွဲအထိမ်းအမှတ်’သီချင်းမှန်း သိကြပြီး ဖြစ်မှာပါ။

ဒီတခါမှာတော့ ဒီသီချင်းကို မနေ့ညက ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါရဲ့ ပြိုင်ပွဲစင်မြင့် ထက်မှာ ပုံစံတမျိုးနဲ့ တကျော့ပြန်ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။

  ဒီသီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သူကတော့ ချင်းတိုင်းရင်းသူ ပြိုင်ပွဲဝင် အက်စတာ ဒေါ့ သ်ချင်းဆုန်ဖြစ်ပြီး တကယ့်ကို ကိုယ်ပိုင်ဟန်သီဆိုဟန်နဲ့ ထူးခြားနေခဲ့တာကို တွေ့ရပါ တယ်။

 “ဗေဒင်မေး ယတြာတွေချေ… ပြန်အဆင်ပြေဖို့ လိုပါတယ်… အချစ်ရေ... နင်ပြန် လာမယ် ငါထင်နေလို့… မင်းသိပ်ချစ်မယ် ထင်လို့… နောက်ထပ်တခေါက် အသဲကွဲရမယ့် အဖြစ်အပျက်ကို… လက်ခုပ်တီးကာ ကြိုဆိုနေသလိုမျိုး… မင်းအရမ်းချစ်တယ် ထင်လို့.. . နောက်ထပ်တခေါက် အသဲကွဲရမယ့် အဖြစ်အပျက်ကို… လက်ခုပ်တီးကာ ဖွင့်ပွဲကြီး လုပ်နေသလို”

သတ္တမမြောက်သီတင်းပတ်အနေနဲ့ မနေ့ညက ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါ သီချင်း ဆိုပြိုင်ပွဲမှာတော့ ထင်ရှားကျော်ကြားတေးသီချင်းတွေနဲ့အတူ ပြိုင်ပွဲဝင် Top Finalists ၅ ယောက်ဖြစ်ကြတဲ့ ယောကီး၊ ဘင်ဂျမင်ဆုန်း၊ အက်စတာ ဒေါ့သ်ချင်းဆုန်၊ မူးလာနဲ့ အေး မြဖြူတို့က အစွမ်းပြ ယှဉ်ပြိုင်ခဲ့ကြတာပါ။

ချင်းတိုင်းရင်းသူလေး အက်စတာဟာ မြန်မာအိုင်ဒေါရဲ့ Performance Show မှာ တော့ တေးသံရှင် ချောစုခင်ရဲ့ ‘ကိုယ့်အတွက်အိပ်မက်မင်းမက်လား’၊ ဒုတိယ သီတင်း ပတ် Rock Week မှာတော့ တေးသံရှင် ကော်နီရဲ့ ‘ရင်ကိုဖွင့်လိုက်စမ်း’၊ အမှတ်တရ တ က္ကသိုလ်သီချင်းတွေနဲ့ တတိယသီတင်းပတ်မှာတော့ တေးသံရှင်မဒီရဲ့ ‘အချစ်တွေနဲ့ လွမ်း နေတယ်’၊ ကန်းထရီးကျေးလက်သီချင်းတွေနဲ့ စတုတ္ထသီတင်းပတ်မှာတော့ အဆိုတော် သရုပ်ဆောင်မင်းသား စိုးသူရဲ့ ‘ဘရိတ်မပါတဲ့ကား’၊ ပဉ္စမမြောက်သီတင်းပတ် စိုးလွင်လွင် သီချင်းတွေနဲ့ညမှာတော့ ‘စိုးစိတ်တိုးတိတ်လွမ်းချိန်’၊ ဆဋ္ဌမမြောက်သီတင်းပတ် ဟေမာန်ဆောင်းသီချင်းတွေနဲ့ညမှာတော့ တေးသံရှင်မို့မို့ရဲ့ ‘ဆွေး’သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့ပြီး တဆင့်ပြီးတဆင့် တက်လှမ်းလာနိုင်ခဲ့တာပါ။     

“စိတ်ပြောင်းသွားပြီလား… သူငယ်ချင်းက မေးတဲ့အခါ… ငါစိတ်ကုန်ပေမယ့်… ငါ့ ရင်ဘတ်ထဲမှာ… နေရောကောင်းရဲ့လား… အရင်ကလောက် မတွေ့တော့ပါ… စိတ် ပူနေလည်း နောက်လူရင်ထဲမှာ… ဗေဒင်မေးရင် ဆံကုန်မယ်လေ… ပြန်မဆုံနိုင်သရွေ့ မျှော်နေမယ် အချစ်ရေ”

ခုသီတင်းပတ်ရဲ့ သီဆိုယှဉ်ပြိုင်မှုမှာလည်း အက်စတာက သူ့ရဲ့ ကိုယ်ပိုင်သီဆိုဟန်၊ စတိုင်အပြည့်နဲ့ ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ ဖမ်းစားထားနိုင်ခဲ့ပါတယ်။

သီဆိုယှဉ်ပြိုင်မှုသီချင်းအဆုံးမှာတော့ ဒိုင်တွေက မှတ်ချက်ပေးခဲ့ချိန်မှာတော့ ဒိုင် တွေထဲက တဉီးဖြစ်တဲ့ တင်ဇာမော်က “သမီးက အက်စတာက အမြဲတမ်းကောင်းလေ့ ကောင်းထရှိတယ်။ ဒါပေမယ့် ဒီနေ့လည်း အကောင်းဆုံးဆက်ပြီးတော့ ဆိုသွားနိုင်တာ တွေ့ရတယ်။ ခက်တဲ့ နေရာတွေကိုလည်း ကျော်ဖြတ်သွားနိုင်တယ်။ I Love Youလို့ ချီး ကျူးမှတ်ချက် ပေးခဲ့တာပါ။

ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ အဆုံးအဖြတ်ပေးမယ့် အခုညရဲ့ Result Show မှာတော့ ပြိုင်ပွဲဝင် Top finalists ၅ ယောက်ထဲက ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက်သွားရမလဲ ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013