DVB Logo
Home
မြန်မာသတင်း
ပရိသတ်အချစ်တော် မိုရီဆာကီဝင်းနှင့် ဂျပန်အဆိုတော်စုံတွဲသီဆိုသည့် ‘တကယ်လို့’သီချင်း(ရုပ်သံ)
DVB
·
December 12, 2019
Donate to DVB

လာမယ့် ၂၀၂၀ ပြည့်နှစ်ထဲမှာ ကျင်းပဖို့ ရှိနေတဲ့ ဂျပန်-မြန်မာပွဲတော်မှာတော့ မြန် မာပရိသတ်အချစ်တော် မိုရီဆာကီဝင်းနဲ့ ဂျပန်အမျိုးသမီးအဆိုတော် Hirahara Ayaka တို့က စုံတွဲသီချင်းတပုဒ်ကို သီဆိုဖျော်ဖြေသွားဖို့ ရှိနေပါတယ်။

 ‘တကယ်လို့(MOSHIMO)’ လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ Hirahara Ayaka က ရေးစပ်ပေးထားခဲ့တာ ဖြစ်ပါတယ်။

 အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဂျပန်အမျိုးသမီး အဆိုတော် Hirahara Ayaka ဟာ ဂီတနောက်ခံရှိတဲ့ မျိုးရိုးက ဆင်းသက်လာသူတယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ဖခင်ဖြစ်သူဟာ ဆက်ဆိုဖုန်း ဂီတပညာရှင်တယောက်ဖြစ်ကာ အဖိုးဖြစ်သူကတော့ ထရမ်းပက် ပညာရှင်တဦးဖြစ်ပြီး အစ်မဖြစ်သူကလည်း ထင်ရှားတဲ့ အဆိုတော်တယောက် ဖြစ်ပါတယ်။

အဝင်းလို့ မြန်မာပရိသတ်တွေကြား ထင်ရှားတဲ့ မိုရီဆာကီဝင်းကတော့ အသက် ၂၉ နှစ်အရွယ်ရှိနေပြီဖြစ်ကာ ဂျေပေါ့ပ်တေးဂီတအဖွဲ့ PrizmaX အဖွဲ့ဝင်တယောက်လည်း ဖြစ်ပါတယ်။ 

သီချင်းတွေဆိုသလို သရုပ်ဆောင်တာတွေလည်း လုပ်နေတဲ့ မိုရီဆာကီဝင်းဟာ ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ ‘Ready Player One’ ရုပ်ရှင်ကားထဲမှာလည်း ပါဝင်ခဲ့ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်ရိုက်တဲ့ ‘ဇာတိမြေ’ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ခုလတ်တလော စုံတွဲသီဆိုမယ့်သီချင်း ‘တကယ်လို့(MOSHIMO)’ကတော့ သူပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲ ‘အိပ်မက်တွေ မိုးထားတဲ့အိမ်’ထဲက ဇာတ်ဝင်တေးအဖြစ် ထည့်သွင်းသွားမှာဖြစ်ပါတယ်။

 ဂျပန်-မြန်မာပွဲတော်ကိုတော့ လာမယ့်နှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ဇာတ်ဝင်တေးသီချင်းအတွက် သူတို့ရဲ့ကြိုးစားအားထုတ်ခဲ့ကြပုံတွေ၊ စတူဒီယိုထဲမှ မြင်ကွင်းတွေနဲ့အတူ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ဂျပန်-မြန်မာပွဲတော်ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013