DVB Logo
Home
မြန်မာသတင်း
ကချင်တော်လှန်ရေးနေ့ ကျင်းပ
DVB
·
February 5, 2013
ကချင်တော်လှန်ရေးနေ့ ကျင်းပ
Donate to DVB

ငြိမ်းချမ်းရေးမရသေးတဲ့  ကချင်ဒေသမှာ  ဒီကနေ့ ၅၃ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ကို  ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဌာနချုပ် လိုင်ဇာနဲ့ ကချင် တပ်ရင်းတပ်ဖွဲ့တွေမှာ အသီးသီးမှာပါ  ကျင်းပခဲ့ပါတယ်။

အခမ်းအနားကျင်းပရာ နေရာတိုင်းကို ပေးပို့ခဲ့တဲ့  ကေအိုင်အိုဥက္ကဋ္ဌ ဦးဇောင်းဟရားရဲ့  ကချင် တော်လှန်ရေးနေ့ အထိမ်းအမှတ် သ၀ဏ်လွှာမှာ  မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးကတည်းက  စစ်မှန်တဲ့ပြည်ထောင်စု ဖြစ်မလာတဲ့အတွက် တိုက်ပွဲတွေ ခုချိန်ထိ ဖြစ်နေရတာလို့ ပြောကြားခဲ့တဲ့အကြောင်း ကေအိုင်အေ တပ်မဟာ ၂ ဒုတိယဗိုလ်မှူးကြီး ဇော်ဒွဲက ပြောပါတယ်။

[caption id="attachment_36135" align="alignleft" width="150" caption="ထိုင်းနိုင်ငံ ချင်းမိုင်တွင် ကချင်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပစဉ်"][/caption]

“ဥက္ကဋ္ဌကြီးပြောတာက လွတ်လပ်ရေးရကတည်းက ပြည်ထောင်စုဆိုတာဖြစ်ပေါ်လာတယ်။ ပြည်ထောင်စုဆိုတာ စာလုံးပဲကျန်ပြီးတော့ ပြည်ထောင်စုဖြစ်မလာဘူး။ ဒါကြောင့် အခုလို စစ်ပွဲဖြစ်နေရတယ်လို့ ရေးထား တယ်။ ပြည်ထောင်စုစိတ်ဓာတ်မွေးကြဖို့လည်း ပြောတယ်။ အခုတိုက်နေတဲ့ တိုက်ပွဲကလည်း.. ၁၇ နှစ်လုံးလုံး အပစ်ခတ်ရပ်စဲထားတယ်။ ကျနော်တို့ကို နိုင်ငံရေးဆွေးနွေးဖို့ စောင့်ခိုင်းတယ်။ အခု အစိုးရတက်လာချိန်မှာ နိုင်ငံရေးဆွေးနွေးပွဲလမ်းစဉ်ကို သူတို့မလုပ်လို့ စစ်ရေးနည်းလမ်းနဲ့ပြန်ဖြေရှင်းလာကြလို့ အားလုံးကလည်း စစ်ရေးနည်းလမ်းကို မဖြစ်နိုင်တဲ့အဆုံးမှာ တိုက်ပွဲဆင်နွှဲရတယ် ဒါတွေ သူရေးထားပါတယ်။”

ကချင်တော်လှန်ရေးနေ့ဟာ ကေအိုင်အေ စစ်တပ်တခုတည်းနဲ့သာ သက်ဆိုင်တာ မဟုတ်ဘဲ ကချင်တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့အတွက်  ကချင်လူမျိုးတို့ တည်ရှိရာ ပြည်တွင်းနဲ့ ပြည်ပအနှံ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွေ ကျင်းပပါတယ်။

ကချင်တော်လှန်ရေးနေ့အခမ်းအနားကို ယခင် အပစ်အခတ်ရပ်စဲခဲ့တဲ့ ကာလတွေမှာ လူထုနဲ့အတူ  ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်စည်ကားကား ကျင်းပခဲ့ပြီး၊ ၂၀၁၁ ခုနှစ်နောက်ပိုင်း အပစ်ခတ် ရပ်စဲရေး ပျက်ပြားပြီး စစ်ပွဲတွေ ပြန်ဖြစ်ပြီး နောက်ပိုင်းမှာတော့ အကျဉ်းချုံးပဲ ကျင်းပဖြစ်တယ်လို့ ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ (ကေအိုင်အို)ကို ၁၉၆၀ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ နိုင်ငံရေး အဖွဲ့အစည်းအနေနဲ့ စတင်ထူထောင်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှာ ပိုမို အင်အားရှိစေဖို့အတွက် ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ  ၅ ရက်နေ့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)ကို စတင်ဖွဲ့စည်းခဲ့တယ်။ အဲဒီနှစ်ကစပြီး ဒီနေ့ရောက်တိုင်း  ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013