DVB Logo
Home
မြန်မာသတင်း
ပြိုင်ပွဲဝင် ၅ ဦးအပြိုင်ကြဲကြမည့် ထင်ရှားကျော်ကြား တေးသီချင်းများနှင့် မြန်မာအိုင်ဒေါည
DVB
·
December 12, 2019
ပြိုင်ပွဲဝင် ၅ ဦးအပြိုင်ကြဲကြမည့် ထင်ရှားကျော်ကြား တေးသီချင်းများနှင့် မြန်မာအိုင်ဒေါည
1 / 6
Donate to DVB

    သတ္တမမြောက်သီတင်းပတ်အနေနဲ့ ကျင်းပမယ့် မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တွေဟာ ထင်ရှားကျော်ကြား တေးသီချင်းတွေနဲ့အတူ ယှဉ်ပြိုင်ရတော့မှာပါ။

ခုသီတင်းပတ်မှာတော့ Top Finalists ၅ ယောက်ဖြစ်ကြတဲ့ ယောကီး၊ ဘင်ဂျမင် ဆုန်း၊ အက်စတာဒေါ့သ်ချင်းဆုန်၊ မူးလာနဲ့ အေးမြဖြူတို့က အပြိုင်ကြဲ သီဆိုဖျော်ဖြေ သွားကြမှာ ဖြစ်ပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလား ထော်ဝါးက ရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

   Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေကြတာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ Host အနေနဲ့ ပါဝင်တင်ဆက်ပေးနေသူကတော့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်ဖြစ်ပြီး ထင်ရှားတဲ့ ဒိုင်တဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ကတော့ အခုနှစ်မှာ မပါဝင်တော့ပါဘူး။

အခုနှစ်ရဲ့ ပထမသီတင်းပါတ် Performance Show မှာတော့ ပြိုင်ပွဲဝင် Top Finalists ၁၁ ယောက်က စိတ်ကြိုက်သီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ်ပေးတဲ့ မဲ တွေနဲ့ ဆုံးဖြတ်ချိန်မှာတော့ ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ အလှမယ် ခြူးစစ်ဟန်က နှုတ်ဆက် ထွက်ခွာသွားခဲ့ရတာပါ။

ဒုတိယမြောက် ရော့ခ်သီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြရတဲ့ သီတင်းပါတ်မှာတော့ ပြိုင်ပွဲဝင် ၁၀ ယောက်က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရပြီး ပရိသတ်ပေးတဲ့ မဲအနည်းအများနဲ့ နှုတ်ဆက်ထွက်ခွာရမယ့်သူကို ကြေညာရာမှာ ပြိုင်ပွဲဝင် နော်စေးစေးထူးက မဲအနည်းဆုံး ဖြစ်နေခဲ့တာပါ။

ဒါပေမယ့် သူ့ကို ဒိုင် ၃ ယောက်က Save လုပ်ခဲ့တဲ့အတွက် နောက်တဆင့်မှာ ထပ်မံ ပါဝင်လာနိုင်ခဲ့ပြီး ဆက်လက်ပါဝင်ခဲ့ပါတယ်။

တက္ကသိုလ်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ တတိယမြောက်သီတင်းပတ်မှာတော့ ပြိုင်ပွဲဝင်တွေထဲက ၂ ယောက် ဖြစ်ကြတဲ့ နှင်းအိအိဝင်းနဲ့ နေလင်းကျော်တို့က လက်ပြ နှုတ်ဆက်သွားခဲ့ရတာ ဖြစ်ပါတယ်။

ကန်းထရီးကျေးလက်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြတဲ့ စတုတ္ထမြောက်သီတင်းပတ်က တော့ ထင်မှတ်မထားတဲ့ ရလဒ်တွေနဲ့အတူ အားလုံးကို အံ့အားသင့်စေခဲ့ရတာပါ။

နာမည်ကြီးပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ အေးမြဖြူ၊ အက်စတာနဲ့ တန်ခွန်ကျော်တို့ ၃ ယောက်က Bottom 3 ထိုင်ခဲ့ကြရပြီးနောက် သူတို့ထဲက ပရိသတ်ပေးတဲ့ မဲအနည်းဆုံး ပြိုင်ပွဲဝင်ကို ကြေငြာရာမှာတော့ တန်ခွန်ကျော်က နှုတ်ဆက်အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

တေးသံရှင် စိုးလွင်လွင်ရဲ့ သီချင်းတွေနဲ့ယှဉ်ပြိုင်ခဲ့တဲ့ညမှာတော့ ပြိုင်ပွဲဝင်တဦး ဖြစ်တဲ့ ထက်အဉ္ဇလီက ပရိသတ်ပေးတဲ့ မဲအနည်းဆုံးနဲ့ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာခဲ့ရ တာပါ။

ပြီးခဲ့တဲ့ ဆဋ္ဌမမြောက်သီတင်းပတ်အနေနဲ့ ကျင်းပပြီးစီးခဲ့တဲ့ မြန်မာအိုင်ဒေါ သီချင်းဆို ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တွေဟာ ဟေမာန်ဆောင်းသီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး Result Show ညမှာတော့ ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ နော်စေးစေးထူးက ပရိသတ်ပေးတဲ့ မဲအနည်းဆုံးနဲ့ နှုတ်ဆက်အိမ်ပြန်ခဲ့ရပြီဖြစ်ပါတယ်။

ဒါကြောင့်မို့ ခုတပတ်မှာတော့ ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင် ၅ ယောက်ကသာ သီဆို ယှဉ်ပြိုင်ကြရတော့မှာပါ။

ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်သွားရမလဲဆိုတာကိုတော့ စောင့် မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013