DVB Logo
Home
Lead Story
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
December 12, 2019
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
Donate to DVB

       အပတ်စဉ် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

   မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ရုံမတင်ခင် ကတည်းက ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ဟောလိဝုဒ်ရုပ်ရှင်- Jumanji: The Next Level !

   ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Jake Kasdan က ရိုက်ကူးပုံဖော် ပေးထားတာဖြစ်ပြီး Sony Pictures Releasing ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါ တယ်။

   Jumanji ဗီဒီယိုဂိမ်းကမ္ဘာထဲကို ရောက်သွားခဲ့တဲ့ ဆယ်ကျော်သက် ၄ ယောက်အ ကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးခဲ့တဲ့ စွန့်စားမှုအသားပေး Jumanji ရုပ်ရှင်စီးရီးတွေ ရဲ့ ပထမဆုံးရုပ်ရှင်ကားကိုတော့ ၁၉၉၅ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဟောလိဝုဒ်စတား Robin Williams ခေါင်းဆောင်ပါဝင်ခဲ့တာပါ။ အဲဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ ဒုတိယ မြောက်ရုပ်ရှင်အနေနဲ့ Jumanji: Welcome to the Jungle ထွက်ရှိခဲ့ပြီး ဒီကားထဲမှာ တော့ ပရိသတ်တွေက The Rock လို့ သိထားကြတဲ့ သရုပ်ဆောင်မင်းသား Dwayne Johnson ပါဝင်လာခဲ့ပြီး ခုနောက်ဆုံးထွက်ရှိလာတဲ့ The Next Level မှာလည်း သူက ပြန်ပါဝင်လာခဲ့တာပါ။

   ဒီကားထဲမှာ သရုပ်ဆောင်မင်းသား Dwayne Johnson နဲ့အတူ တခြားနာမည် ကြီး စတားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Nick Jonas ၊ Jack Black ၊ Kevin Hart နဲ့ Karen Gillan စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

   ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြ ကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့် ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

   IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.1 အထိ ရရှိထားတာ ဖြစ်ပါတယ်။ ရုံမတင်ခင်ကတည်းက ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ယူ ကျုဘ်ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်း ၃၀ ကျော် ရှိနေခဲ့ပြီ ဖြစ်ပါ တယ်။

   ကြာမြင့်ချိန် ၁၂၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

       နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မျက်နှာသစ်လူငယ်ဒါရိုက် တာ၊ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ရန်ပုံငွေရုပ်ရှင်-ယူရီ-Yuri !

       ဒီကားကိုတော့ လူငယ်မျက်နှာသစ်ဒါရိုက်တာ အာဂသူရက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ ပြီး ကိုယ်တိုင်ပဲ ရိုက်ကူးပုံဖော်ပေးထားတာပါ။

       မတူညီကြတဲ့ ဘဝနှစ်ခုကြား သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာကိုပေါင်းစပ်ပြီး ဆယ် ကျော်သက်လူငယ်သဘာဝ အခြေခံရိုက်ကူးတင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ Marcel အောင်မျိုးဝင်း၊ Wendy မြတ်ထက်ထွန်းတို့က ခေါင်းဆောင်ပါဝင်ထားကြပြီး သရုပ်ဆောင်အလှမယ် မေမြတ်နိုးကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထား တာ ဖြစ်ပါတယ်။

       ကျိန်စာမိနေတဲ့ ဝိညာဉ်မလေး ယူရီနဲ့  ကြောင်တောင်တောင်ကောင်လေး ဟန့်ခ် တို့ ၂ ယောက်ကြားက ဆက်နွယ်နေတဲ့ ချစ်ခြင်းမေတ္တာ၊ သေခြင်းတရား၊ ခွဲခွာခြင်းစတဲ့ ခံစားမှုရသစုံနဲ့ ဘယ်လိုပုံဖော်ဖန်တီးထားမလဲဆိုတာကိုတော့ ပရိသတ်တွေက စောင့် မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

       ဒီရုပ်ရှင်ဇာတ်ကားရဲ့ မိတ်ဆက်ပွဲကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က ရန် ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

       ဒီရုပ်ရှင်ကားကို ၂ဝ၁၅ ခုနှစ်လောက်ကတည်းက စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ရန်ပုံ ငွေရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးထားတာမို့ ပါဝင်တဲ့ သရုပ်ဆောင်တွေဟာလည်း အခကြေးငွေမယူပဲ မေတ္တာနဲ့ ပါဝင်သရုပ်ဆောင်ပေးထားကြတာ ဖြစ်ပါတယ်။

       ဒီရုပ်ရှင်ကားရုံတင်ရာမှ ရရှိတဲ့ အကျိုးအမြတ်တွေ အားလုံးကိုတော့ ရန်ကုန်ဆေး ရုံကြီး သွေးနှင့်ကင်ဆာရောဂါဌာနမှ ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ ကလေးငယ် တွေအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

       ဒီရုပ်ရှင်ကား Trailer ကို လတ်တလောအချိန်ထိ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

       ဒီကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါ တယ်။

       နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကလည်း  မြန်မာရုပ်ရှင်ကားတ ကား ဖြစ်ပါတယ်။ ဒီကားရဲ့ နာမည်ကတော့ ရှင်ဉပဂုတ္တ !

       မင်းကြည်လှိုင်(သန်လျင်)ရဲ့ ဇာတ်လမ်းကို မြင့်ဦးဦးမြင့်က ဇာတ်ညွှန်းခွဲထားပေး တဲ့ ဒီကားကိုတော့ ဝါရင့်အမျိုးသမီးသရုပ်ဆောင်မင်းသမီးကြီး ဝါဝါဝင်းရွှေက ဒါရိုက်တာ အနေနဲ့ ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

       ဒီရုပ်ရှင်ကားကတော့ ဘုရားဟောဇာတ်နိပါတ်တော်တွေ၊ ရာဇဝင်သမိုင်းဆိုင်ရာ အဖြစ်အပျက်ဇာတ်လမ်းတွေကို သဘောကျနှစ်သက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့ကြ မှာ ဖြစ်ပြီး CGI အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

       ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသမီး ဝါဝါဝင်းရွှေရဲ့ တကျော့ပြန်သရုပ်ဆောင် အနုပညာကိုလည်း ရှုစားကြရမှာဖြစ်ပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသား ရန်အောင်၊ ရဲ အောင်၊ နေမျိုးအောင်၊ ဝါဇင်တို့နဲ့အတူ ပြီးခဲ့တဲ့ နှစ်က ဉပါဒါန်ရုပ်ရှင်ကားနဲ့ ပရိသတ် လက်ခံအားပေးမှုရရှိထားတဲ့ မင်းသား ခိုင်ထူးသာ၊ သရုပ်ဆောင်မင်းသမီး ဆုပန်ထွာတို့ ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

       ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ပိုင်း က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

       လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

       ဒီကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။

မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ တကမ္ဘာ လုံး ဟိုးလေးတကြော်ဖြစ်ခဲ့ရတဲ့ ထိုင်းနိုင်ငံ လိုဏ်ဂူတခုထဲမှာ ပိတ်မိနေခဲ့တဲ့ တောဝက်လူ ငယ်ဘောလုံးသမားလေးတွေအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ရုပ်ရှင် - The Cave !

ဒီကားကိုတော့ De Warrenne Pictures နဲ့ Salty Pictures ရုပ်ရှင်ထုတ်လုပ် ရေး ၂ ခုပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး အိုင်ယာလန်နွယ်ဖွား ထိုင်းရုပ်ရှင်ဒါရိုက်တာ Tom Waller က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

တောဝက် အကယ်ဒမီ လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြတို့ဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ ခွန်နမ့်နန်းနွန်း လိုဏ်ဂူထဲမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ကနေ ဇူလိုင် ၁၀ ရက်နေ့ထိ အချိန် ၂ ပတ်ကျော်ကြာ ပိတ်မိနေခဲ့ကြပြီးမှ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားနာမည်ကိုတော့ ထိုင်းဘာသာနဲ့ နန်းနွန်း၊ အင်္ဂလိပ်ဘာသာနဲ့ The Cave လို့ အမည်ပေးထားတာဖြစ်ပြီး နန်းနွန်းဆိုတာကတော့ သူတို့ပိတ်မိနေခဲ့တဲ့ လိုဏ်ဂူရဲ့ အမည်ဖြစ်ပါတယ်။

ဒီကယ်ဆယ်ရေးဖြစ်စဉ်မှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ နိုင်ငံတကာ ရေငုပ်ကျွမ်းကျင်အဖွဲ့မှာ ပါဝင်သူ အိုင်ယာလန်မှာနေတဲ့ ဘယ်လ်ဂျီယံနိုင်ငံသား Jim Warny ကလည်း ဒီရုပ်ရှင်ထဲမှာ ပါဝင်ခဲ့ပြီး ဂူထဲမှာ ပိတ်မိခဲ့တဲ့ ကျောင်းသားတွေနဲ့ သူတို့ ဆရာအကြောင်းကို အဓိက ရိုက်ကူးထားတာ မဟုတ်ဘဲ သူတို့ကို ကယ်ဆယ်ရေး အပိုင်း ကို အဓိကထား ရိုက်ကူးထားတာလို့ ဆိုပါတယ်။

ဒီရုပ်ရှင်ကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ Busan International Film Festival မှာ ပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားခဲ့တာပါ။

IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 6.8 အထိ ရရှိထားတဲ့ ဇာတ်ကား ကောင်းတကားလည်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကတည်းက ထိုင်းနိုင်ငံတဝှမ်း ရုပ် ရှင်ရုံတွေမှာ ပြသခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ လက်ရှိရုံတင်ပြသနေတာမို့လို့ ပရိ သတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဝါရင့်နာ မည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသ ရုပ်ရှင်-ရည်းစားတစ်ခုလပ်များ !

ဒီကားကိုတော့ Golden River ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ် ပြီး ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးပုံဖော်ပေးထားတာပါ။

အချစ်ဟာသဒရာမာရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ထဲ မှာတော့ ‘ရည်းစားတစ်ခုလပ်များ’ဆိုတဲ့အတိုင်း ဘယ်လိုအလွဲအချော် ကမောက်ကမ ဇာတ်လမ်းဇာတ်ကွက်တွေ၊ ရယ်မောပျော်ရွှင်စရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူး ပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ကျော်ရဲအောင်၊ မင်းမော်ကွန်းနဲ့ ခိုင်သင်းကြည်တို့နဲ့အတူ တခြားသ ရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ သူရိယ၊ ခင်လှိုင်၊ ညီနန္ဒ၊ ယုသန္တာတင်၊ မေ သဉ္ဇာဦးစတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန် မြို့၊ ဒဂုံစင်တာ-၂ မှာ ပြုလုပ်ခဲ့ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းနီးပါးရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။

Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013