DVB Logo
Home
မြန်မာသတင်း
ICJ တရားရုံးတွင် ပါမောက္ခ မစ္စ ဖိုဘီအိုကိုဝါ၏ ထွက်ဆိုချက်
DVB
·
December 11, 2019
ICJ တရားရုံးတွင် ပါမောက္ခ မစ္စ ဖိုဘီအိုကိုဝါ၏ ထွက်ဆိုချက်
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာနိုင်ငံဘက်ကနေ လျှောက်လဲသွားတဲ့  နယ်သာလန်နိုင်ငံ သည်ဟိတ် အနုညာတ အငြင်းပွားမှုဆိုင်ရာ အမြဲတမ်းခုံရုံးအဖွဲ့ဝင် ပါမောက္ခ မစ္စဖိုဘီအိုကိုဝါရဲ့  ထွက်ဆိုချက်တွေထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

-နေရပ်စွန့်ခွာသွားသူတွေကို မြန်မာနိုင်ငံကိုပြန်လာဖို့ ဖိတ်ခေါ်နေတဲ့အချိန်ဖြစ်နေတယ်။ လူမျိုးတုံးမှု အခြေအနေရှိတယ်ဆိုရင် ပြန်လည်ဖိတ်ခေါ်တာတွေ လုပ်မှာမဟုတ်ဘူး။ 

-ကျမအနေနဲ့ အပိုင်း ၂ ပိုင်းကို သုံးသပ်သွားမှာဖြစ်တယ်။ ဘေးအန္တရာယ်ရှိတဲ့နေရာမှာပဲ ဖော်ပြရမှာဖြစ်တယ်။ တကယ့်စီရင်ပိုင်ခွင့်ရှိသလားဆိုတာလည်း သွားရမှာဖြစ်တယ်။ တကယ့် လက်တွေ့သုံးသပ်ရင် မရှိပါဘူး။ လက်တွေ့မြန်မာနိုင်ငံတွင်းမှာ သိသာတဲ့ဘေးအန္တရာယ်ရှိသလား ဆိုတာ သုံးသပ်ရမှာဖြစ်တယ်။ 

-ကုလသမဂ္ဂ စီမံကိန်းအနေနဲ့ ရခိုင်ပြည်နယ်မှာ ထောက်ပံ့နေတာတွေရှိတယ်။ ကုလသမဂ္ဂ အနေနဲ့ ကြားဝင်ပြီးတော့ နှစ်နိုင်ငံ ဆွေးနွေးနေတာဖြစ်တယ်။ ဒီအတွက်ကြောင့် လူသားမျိုးတုံးတယ်ဆိုတဲ့ ဘေးအန္တရာယ်ရှိတယ်ဆိုတာ ပြောလို့မရပါဘူး။

-အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုတွေကို မလေးရှား၊ ထိုင်း၊ စင်ကာပူကလည်း ပူးပေါင်းဆောင်ရွက်တာ ရှိတယ်။ မြန်မာအစိုးရရဲ့ ပြန်လည်ထူထောင်ရေးအပိုင်းက လုပ်ဆောင်တာက ချောမွေ့စွာ လုပ်ဆောင်နေတာကို တွေ့ရတယ်။ 

-ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာဖို့ ဆွေးနွေးပြီးသားဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံကလည်း ဒီကိစ္စမှာ ပံ့ပိုးမှုတွေ လုပ်ဆောင်နေပါတယ်။  တရုတ်နိုင်ငံကလည်း ပြန်လာရင် ထရပ်ကားတွေသုံးဖို့ ကားအစီး ၂၀ ကို ပံ့ပိုးပေးမယ်လို့ ကတိပေးတယ်။ ယူဂမ်ဒါကလည်း မြန်မာနဲ့တွေ့ဆုံပြီး ရခိုင်ပြည်နယ် ပဋိပက္ခ လျှော့ချဖို့ နေရပ်ပြန်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ပြန်လည်နေရာချဖို့ အခြေအနေမှာတော့ အခု မတည်ငြိမ်သေးတဲ့အတွက် အခက်အခဲရှိနေသေးတယ်။ 

-ဂျီနိုဆိုက် အန္တရာယ်မြန်မာနိုင်ငံထဲမှာ ရှိနေတယ်ဆိုတဲ့ကိစ္စက မေးစရာဖြစ်တယ်။ ဒီကိစ္စတွေကို တော့ အချိန်တိုအတွင်းမှာ ဖြေရှင်းဖို့ မလွယ်ကူပါဘူး။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပြန်လည် နေရာချထားရေးကိစ္စတွေကို မြန်မာအစိုးရက လုပ်ဆောင်နေပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဦးဆောင်လုပ်နေပါတယ်။ 

-၂၀၁၆-၁၇ မှာဖြစ်တဲ့ကိစ္စကတော့ စိတ်မကောင်းဖြစ်စရာ အမှန်ပါပဲ။ ၂၀၁၆ မှာ အာဆာ တိုက်ခိုက်မှုတွေ ဖြစ်တယ်။ လုံခြုံရေးတပ်ဖွဲ့နဲ့ အိုင်ဒီပီသေဆုံးမှုတွေ ရှိခဲ့တယ်။

-ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ရှုပ်ထွေးမှုရှိနေပါတယ်။ တဘက်က  အာဆာက ရှိသလို အေအေကလည်း မြန်မာ့တပ်မတော်နဲ့တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ ဒီမှာ မွတ်စလင်တွေကိုရော မွတ်စလင်မဟုတ်တဲ့လူတွေကိုရော ထိခိုက်မှုတွေရှိတယ်။ 

-မြန်မာအနေနဲ့ ဂျီနိုဆိုက် ကွမ်ဗန်းရှင်းကို ဖောက်ဖျက်တယ်ဆိုတဲ့ ချက်ချင်းအန္တရာယ်မရှိပါဘူး။ မြန်မာနိုင်ငံအနေနဲ့ တည်ငြိမ်အေးချမ်းရေးကို လုပ်ဆောင်နေပါတယ်။ ဒါကို တရုတ်နဲ့ ဂျပန်နိုင်ငံတွေ ကလည်း ထောက်ခံကူညီနေတာ ရှိပါတယ်။ 

-ကုလအတွင်းရေးမှူးဟောင်း ကိုဖီအာနန်ပြောခဲ့တာရှိပါတယ်၊  ရခိုင်ပြည်နယ် ပြည်သူတွေ ကြုံတွေ့ နေရတဲ့ဟာက ရှုပ်ထွေးတယ်။ ကြိုးစားဖို့၊ သန္နိဋ္ဌာန်ထားရှိဖို့ လိုတယ်၊ စိတ်ရှည်ဖို့လိုတယ်လို့ ပြောသွားတာရှိပါတယ်။ အဲတော့ ကျမအနေနဲ့ မြန်မာနိုင်ငံကို ချက်ချင်းလက်ငြင်း အန္တရာယ်ရှိတယ် ဆိုတဲ့ဟာကို ကျမ ချေဖျက်ပါရစေ။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013