DVB Logo
Home
Lead Story
ဆောင်းအငွေ့အသက်ကြား ထွက်ရှိလာသည့် ကိုယ်စောင့်နတ်ဖိုးပြည့်သီချင်းသစ်-‘ဒီဇင်ဘာ’(ရုပ်သံ)
DVB
·
December 11, 2019
ဆောင်းအငွေ့အသက်ကြား ထွက်ရှိလာသည့် ကိုယ်စောင့်နတ်ဖိုးပြည့်သီချင်းသစ်-‘ဒီဇင်ဘာ’(ရုပ်သံ)
Donate to DVB

“ဒီဇင်ဘာရယ်… နှင်းများငိုယို… မတိတ်နိုင်တော့ပါ… ငါ့အလွမ်းများလို… ရင်နာအောင် ချန်ထားရစ်ခဲ့… ဖြစ်ရပ်ဟောင်းတွေကို ငါငေးကြည့်နေရုံ”

ဒါကတော့ လတ်တလောအသစ်ထွက်ရှိလာတဲ့ ‘ဒီဇင်ဘာ’ အမည်ရတဲ့ သီချင်းတပုဒ်ထဲက တေးစာသားတွေဖြစ်ပြီး လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါ တယ်။

“အလင်းများမဲ့ခဲ့တာ… နှလုံးသားနေရာမှာ… ခြောက်ခြားရတဲ့ ညတွေ… မင်း ရက်စက်ခဲ့တာ… အချစ်က ငြီးငွေ့လွယ်သလား”

ဆောင်းကာလအငွေ့အသက်တွေကြား အချိန်မီထွက်ရှိလာတဲ့ ဒီသီချင်းကိုတော့ တေးရေး မင်းသက်ကိုက ရေးစပ်ပေးထားပြီး ကိုယ်စောင့်နတ်သီချင်းနဲ့ ပရိသတ်တွေ ချစ်ခင်အားပေးမှု ရရှိခဲ့တဲ့ အဆိုတော် ဖိုးပြည့်က သီဆိုထားခဲ့တာပါ။

“ကြုံလေရာမှာ မင်းရှိနေသလို… ခံစားနေမိတယ်… သေဆုံးပြီးသား အရာကို… ဒဏ်ရာတွေ အနာကျက်ဖို့ခက်… မြူခိုးငွေ့တွေလို… မှုန်ဝါးမိချင်ရဲ့”

တောင်ကြီးသား လူငယ်အဆိုတော် ဖိုးပြည့်ဟာ ထူးခြားတဲ့ အသံ၊ ဟန်နဲ့ ကိုယ်ပိုင် သံစဉ်သီချင်းတွေကို ကိုယ်တိုင်လည်း ရေး၊ ဆိုလေ့ရှိသူတဦးဖြစ်ပြီး စီးတီးအက်ဖ်အမ်က ရွေးချယ်ဆုချီးမြှင့်တဲ့ ၂၀၁၈ ခုနှစ်အတွင်း ရေပန်းအစားဆုံး မျက်နှာသစ် အဆိုရှင်ဆုကိုလည်း ရရှိထားခဲ့သူ ဖြစ်ပါတယ်။

ခုအသစ်ထွက်ရှိလာတဲ့ ‘ဒီဇင်ဘာ’သီချင်းရုပ်သံထဲမှာတော့ Homies Band ရဲ့ တီးခတ်မှုနဲ့အတူ တေးသံရှင်ဖိုးပြည့်ကိုယ်တိုင် သီဆိုသရုပ်ဆောင်ထားခဲ့တာပါ။

ဒီသီချင်းကိုတော့ Tay Than Thar Music ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013