နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲ ကယားပြည်နယ်၊ လွိုင်ကော်တွင်ကျင်းပ

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာနိုင်ငံအတွက် တရားရင်ဆိုင်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကန္တဟေဝန်ပန်းခြံမှာ ဒီကနေ့ညနေ ၃ နာရီက ကျင်းပသွားပါတယ်။
နိုင်ငံ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့ -အမေစုနှင့်အတူရပ်စို့၊ အမေစု - အောင်မြင်ပါစေ ဆိုတဲ့ ကြွေးကြော်သံတွေကို တက်ရောက်လာတဲ့ လူထု တသောင်းကျော်က ကြွေးကျော်ခဲ့ပါတယ်။ ဒါ့အပြင် “သွေးသစ္စာ” သီချင်းနဲ့ သီဆိုပြီး လူထုထောက်ခံပွဲကို အဆုံးသတ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲကို ကယားပြည်နယ် မြို့နယ် ၇ မြို့စလုံးက လူထုတွေအပြင် ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့၊ လွှတ်တော်ဥက္ကဋ္ဌနဲ့လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ဌာနဆိုင်ရာ အသီးသီးကလည်း တက်ရောက်ခဲ့ကြပါတယ်။
ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက်အဖွဲ့တွေကတော့ မြန်မာ့တပ်မတော်ကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှ အရေးယူဆောင်ရွက်မှုအပေါ် ထောက်ခံကြောင်း ဒီဇင်ဘာလ ၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။











