DVB Logo
Home
မြန်မာသတင်း
ICJ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲထားသည့်အမှု စတင်ကြားနာ
DVB
·
December 10, 2019
ICJ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက  မြန်မာကို တရားစွဲထားသည့်အမှု စတင်ကြားနာ
1 / 2
Donate to DVB

အပြည်ပြည်ဆိုင်ရာ တရားရုံး (အိုင်စီဂျေ) မှာ မြန်မာနိုင်ငံကို တရားစွဲထားတဲ့ အမှုအတွက် ဂမ်ဘီယာနိုင်ငံက ရှေ့နေချုပ်နဲ့ တရားရေးဌာနဝန်ကြီး မစ္စတာ အဘူဘာကာ မာရီ တမ်ဘာဒူ Ambubacarr Marie Tambadou  က ဦးဆောင်ပြီး သည်ဟိတ်ဂ်မြို့ရှိ အိုင်စီဂျေ တရားရုံးမှာ ဒီနေ့ စတင်ကြားနာနေပါတယ်။

အဘူဘာကာဟာ  ၁၉၉၄ ရဝမ်ဒါလူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် ဖွင့်လှစ်ခဲ့တဲ့ ကုလသမဂ္ဂ ရာဇဝတ်မှုဆိုင်ရာတရားရုံးမှာ တရားလို ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ဖူးသလို ၂၀၁၈ မေလက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းသို့သွားရောက်ခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံက ယခုအမှုအတွက် အမေရိကန်ပြည်ထောင်စု ဘော်စတွန် အခြေစိုက်  နာမည်ကြီး ဖိုလေးဟောက် Foley Hoag LLP ဥပဒေအကျိုးဆောင် ကုမ္ပဏီကို ငှားရမ်းထားပြီး နာမည်ကျော် ရှေ့နေ ပေါလ်ရိုက်ကလာ Paul S. Reichler  ခေါင်းဆောင်သည့် အဖွဲ့က ဥပဒေအကြံပေးအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။

  Foley Hoag LLP   ကုမ္ပဏီရှေ့နေအဖွဲ့ဟာ  မြန်မာ ရေပိုင်နက် အငြင်းပွားမှုမှာ ဘင်္ဂလားဒေ့ရှ် အနိုင်ရအောင် ကူညီပေးခဲ့ဖူးပါတယ်။ 

အခုအမှုကို အဖွဲ့ဝင် ၅၇ နိုင်ငံရှိတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အိုအိုင်စီအဖွဲ့ ကိုယ်စား ဂမ်ဘီယာက တရားစွဲတာ ဖြစ်ပြီး  တရားစွဲဆိုမှုကုန်ကျစရိတ်ကိုလည်း အိုအိုင်စီကထောက်ပံ့ပေးထားပါတယ်။

ဒီနေ့ အိုင်စီဂျေတရားရုံးမှာကျင်းပတဲ့ အမှုစတင်ကြားနာပွဲမှာ ဂမ်ဘီယာနိုင်ငံ ရှေ့နေချုပ်နှင့် တရားရေးဌာနဝန်ကြီး အဘူဘာက  ၁၅ မိနစ်ကြာ စတင်ထွက်ဆိုမှာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်တဲ့ စိုးရိမ်စရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပါမောက္ခ ပယမ်အခါဗန်က မိနစ် ၂၀ ကြာ ထွက်ဆိုမှာ ဖြစ်ပါတယ်။ ဒီနောက် အန်ဒရူးလိုဝန်စတိန်း၊ တာဖက်ဒ်ဇဝါ ပါစီပါနော့ဒ်ယာ၊ အမ် အာဆာလန် ဆူလီမန်၊ ပါမောက္ခ ပီရာဒါဂျန့်တို့က တရားရုံးမှာ ဆက်လက်ထွက်ဆိုကြမှာပါ။

နောက်ဆုံးမှာတော့   နာမည်ကျော် ရှေ့နေ ပေါလ်ရိုက်ကလာနဲ့ ဖိလစ်ဆန္ဓာတို့က တဦးကို နာရီဝက်ကြာလောက် ဂမ်ဘီယာနိုင်ငံဘက်ကနေ ထွက်ဆိုကြမှာဖြစ်ပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့လည်း အိုင်စီဂျေတရားခွင်မှာ ရောက်ရှိနေပြီး မနက်ဖြန် မြန်မာနိုင်ငံဘက်ကနေ ပြန်လည် ခုခံချေပ ထွက်ဆိုကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013