DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ထောက်ခံရပ်တည်ပွဲ မုံရွာတွင် ဒုတိယအကြိမ်ပြုလုပ်
DVB
·
December 10, 2019
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ထောက်ခံရပ်တည်ပွဲ မုံရွာတွင် ဒုတိယအကြိမ်ပြုလုပ်
1 / 11
Donate to DVB

ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံကို  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ တရားစွဲဆိုထားတဲ့ အမှုကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ သွားရောက်ဖြေရှင်းနေပါတယ်။ 

ဒီအပေါ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူရပ်တည် ရှိနေတယ်ဆိုတာကို ပြသတဲ့အနေနဲ့  ထောက်ခံပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က မုံရွာမြို့မှာ ဒုတိယအကြိမ် ပြုလုပ်ခဲ့တာပါ။ 

ဒီပွဲမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ဒုဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ပြည်သူတွေ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း မုံရွာမှာ လူထုထောက်ခံပွဲကို ပထမအကြိမ်ပြုလုပ်ခဲ့ပါသေးတယ်။ ရပ်တည် ထောက်ခံပွဲတွေကို စစ်ကိုင်းတိုင်းအတွင်း မုံရွာအပြင် ဘုတလင်၊ ချောင်းဦး၊ ခန္တီး၊ ဗန်းမောက်၊ ဒီပဲယင်း၊ ဝက်လက်စတဲ့မြို့နယ်တွေမှာလည်း ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ဦးဆောင်မှုနောက်မှာ ပြည်သူတွေ တသားထဲ ရှိနေတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ပြုလုပ်ရတာဖြစ်တယ်လို့ ပွဲစီစဉ်သူ မုံရွာမြို့ခံ အရပ်ဖက်အဖွဲ့စည်းတွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013