DVB Logo
Home
Lead Story
၂၀၁၉ မယ်စကြဝဠာအလှမယ်ဆု တက်ကြွလှုပ်ရှားသူ တောင်အာဖရိကမယ်ရရှိ (ရုပ်သံ)
DVB
·
December 10, 2019
၂၀၁၉ မယ်စကြဝဠာအလှမယ်ဆု တက်ကြွလှုပ်ရှားသူ တောင်အာဖရိကမယ်ရရှိ (ရုပ်သံ)
Donate to DVB

အမေရိကန်ပြည်ထောင်စုမှာ ဒီဇင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ် မယ်စကြဝဠာအလှ မယ်ပြိုင်ပွဲမှာ တောင်အာဖရိကနိုင်ငံကိုယ်စားပြု အလှမယ် ဇိုဇီဘီနီ ထွန်ဇီက အလှမယ်သရဖူကို ဆွတ်ခူးရရှိသွားပါတယ်။

       ၆၈ ကြိမ်မြောက်ကျင်းပတဲ့ အခုနှစ်ရဲ့ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲကိုတော့ အမေရိကန် နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၉၀ က အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

       အသက် ၂၆ နှစ်အရွယ် တောင်အာဖရိကနိုင်ငံကိုယ်စားပြု အလှမယ် ဇိုဇီ ဘီနီ ထွန်ဇီဟာ ကိပ်ပ်ကျွန်းဆွယ် နည်းပညာတက္ကသိုလ်(Cape Peninsula University of Technology)က လူထုဆက်ဆံရေးဘာသာရပ် အထူးပြုဘွဲ့ရရှိခဲ့သူတဦးဖြစ်ပြီး ကျားမ အခြေပြုအကြမ်းဖက်မှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ တဦးလည်း ဖြစ်ပါတယ်။

       ၂၀၁၉ ခုနှစ် မယ်စကြဝဠာအလှမယ်ပြိုင်ပွဲ First Runner Up ဆုကိုတော့ ပွာတိုရီ ကိုအလှမယ်၊ Second Runner Up ဆုကို မက္ကဆီကိုအလှမယ်၊ Third Runner Up ဆုကို ကိုလံဘီယာအလှမယ်နဲ့ Fourth Runner Up ဆုကိုတော့ ထိုင်းအလှမယ်တွေက အသီးသီး ရရှိခဲ့ကြတာပါ။

       အခုနှစ်ရဲ့ အကောင်းဆုံး အမျိုးသားဝတ်စုံဆုကိုတော့ ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု အလှမယ်က မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ရှားပါးမျိုးစိတ် လင်းယုန်ကို အထူးပြု ဖန်တီးချုပ်လုပ်ထားတဲ့ ဝတ်စုံနဲ့ ဆွတ်ခူးရရှိသွားခဲ့တာ ဖြစ်ပါတယ်။

       ဒီပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဆွေဇင်ထက်က ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဆုရရှိခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ Miss Universe Myanmar အလှမယ်ဆုကို မိုးစက်ဝိုင်က ရရှိခဲ့တာဖြစ်ပြီး  ၂၀၁၄ ခုနှစ်မှာ သျှား ထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ် မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်တို့က ရရှိခဲ့ကြတာဖြစ်ပြီး ဆွေဇင်ထက်ကတော့ ၇ ယောက်မြောက် မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ် ဖြစ် လာခဲ့တာပါ။

ပြီးခဲ့တဲ့ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲ အမျိုးသားဝတ်စုံပြိုင်ပွဲမှာတော့ ၂၀၁၆ ခုနှစ်က မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက ရုပ်သေးမင်းသမီးနဲ့ ဆိုင်းဝိုင်းအပြင်အဆင်တင်ဆက်မှုနဲ့ ပထမဆုံး အကြိမ် ဆုရရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013