DVB Logo
Home
မြန်မာသတင်း
လိပ်ပြာစံအိမ်ရုပ်ရှင်ဖြင့် ကလေးသရုပ်ဆောင်ပြည့်ပြည့် စင်ကာပူရုပ်ရှင်ထူးချွန်ဆုရရှိ
DVB
·
December 9, 2019
လိပ်ပြာစံအိမ်ရုပ်ရှင်ဖြင့် ကလေးသရုပ်ဆောင်ပြည့်ပြည့် စင်ကာပူရုပ်ရှင်ထူးချွန်ဆုရရှိ
Donate to DVB

       အရွယ်နဲ့ မလိုက်အောင် သရုပ်ဆောင်ထူးချွန်တဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်ဟာ လိပ်ပြာစံအိမ်ရုပ်ရှင်ကားနဲ့ Asian Academy Creative Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ထူးချွန်ဆုကို ရရှိခဲ့ပါတယ်။

       စင်ကာပူနိုင်ငံမှာ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၂ ရက်ကြာ ပြု လုပ်ခဲ့တဲ့ Asian Academy Creative Awards ဆုပေးပွဲမှာ လိပ်ပြာစံအိမ်ရုပ်ရှင်အနေနဲ့ Best Actress in a Leading Role ဆုကို ဝတ်မှုံ ရွှေရည်၊ Best Actress in a Supporting Role ဆုကို ပြည့်ပြည့်၊ Best Cinematography ဆုကို Tearawat Rujinatham ၊ Best Direction (Fiction) ဆုကို Chartchai Ketnust ၊ Best Feature Film ဆုကို Brave Empire ရုပ်ရှင်ထုတ်လုပ်ရေး ၊ Best Theme Soung (Title Theme) ဆုကို Until We Meet Again By Pongprom Slitwong na Atuthaya From Brave Empire Entertainment စတဲ့ ဆုပေါင်း ၆ ဆုကို  Regional Winner ဆုတွေအနေနဲ့ ရရှိခဲ့တာပါ။

       အဲဒီထဲကမှ နိုင်ငံပေါင်း ၁၃ နိုင်ငံထဲမှ Best Actress in a Supporting Role ဆုကို ရွေးချည်ရာမှာ ပြည့်ပြည့်က ခုလိုရရှိခဲ့တာ ဖြစ်ပါတယ်။

       လိပ်ပြာစံအိမ်ရုပ်ရှင်ကားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက  ရုံတင် ပြသခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ လူပြောများအောင်မြင်နေတဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။

ဒီကားကိုတော့ Brave Empire Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး မြန်မာပရိသတ်ကြား နာမည်ကြီးခဲ့တဲ့ From Bangkok to Mandalay ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ထိုင်းရုပ်ရှင်ဒါရိုက်တာ ChaartChai Ketnust က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ပရိသတ်ကြိုက် သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုန်ရွှေရည်တို့နဲ့အတူ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့က အဓိက ဇာတ်ကောင်တွေနေရာမှာ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ရိုးရာနတ်ကိုးကွယ်ယုံကြည်မှုနဲ့ ဝိညာဉ်လောကကြား ဆက်နွှယ်မှုတွေ၊ သွေးပျက် ထိတ်လန့်စရာ မြင်ကွင်းတွေ၊ နောက်ခံတေးဂီတပုံဖော်ဖန်တီးမှုတွေနဲ့ ခြောက်ခြားစရာ ကောင်းတဲ့ ရုပ်ရှင်ကားတကားအဖြစ် ပရိသတ်တွေက အားပေးခဲ့ကြပြီး မြန်မာရုပ်ရှင် ကားတွေထဲ ဝင်ငွေရရှိမှုနှုန်း အမြင့်ဆုံး ရုပ်ရှင်ဇာတ်ကား ၁၀ ကားစာရင်းမှာလည်း ပါဝင် ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013