နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ခံပွဲ ဝက်လက်မြို့တွင် ပြုလုပ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ ဘုရားကြီးဝိုင်းအနီးမှာ ဒီဇင်ဘာ ၉ ရက် မနက်က ပြုလုပ်ပါတယ်။
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံကနေ နိုင်ငံတကာတရားရုံး(ICJ)မှာ လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ဖောက်ဖျက်မှုနဲ့တရားစွဲထားတာ ဖြစ်ပါတယ်။
ဒီအမှုကိစ္စကိုရင်ဆိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဦးဆောင်သွားရောက်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ပြည်သူတွေ ကလည်း တသားထဲရှိကြောင်း ပြသတဲ့အနေနဲ့ ထောက်ခံကြတာဖြစ်ပါတယ်။
ဒီထောက်ခံပွဲမှာ ဌာနဆိုင်ရာတွေ၊ ဘာသာပေါင်းစုံက ပုဂ္ဂိုလ်တွေ၊ အထက်တန်းကျောင်းသားကျောင်းသူတွေ၊ မြို့သူမြို့သားတွေနဲ့ မြို့နယ်အတွင်းက ကျေးရွာသူကျေးရွာသားတွေ အင်အား ၂၀၀၀ ကျော် ပါဝင်ဆင်နွှဲကြပါတယ်။
သတင်း- အောင်စံလင်း











