DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အားပေးထောက်ခံပွဲ မိတ္ထီလာတွင် ကျင်းပ 
DVB
·
December 9, 2019
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အားပေးထောက်ခံပွဲ မိတ္ထီလာတွင် ကျင်းပ 
1 / 3
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး(အိုင်စီဂျေ)မှာ  မြန်မာနိုင်ငံအတွက် ဦးဆောင် သွားရောက် ဖြေရှင်းနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်နဲ့အဖွဲ့ကို မိတ္ထီလာမြို့က အလွှာစုံ ပါဝင်တဲ့ ပြည်သူလူထုတွေက ထောက်ခံပွဲပြုလုပ်ကြပါတယ်။ 

မိတ္ထီလာမြို့၊ သီရိမင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာ ထီးသုံးဆင့်ဘုရားဝင်းမှာ မနေ့က လူအင်အား ၁၀၀၀ လောက်စုဝေးပြီး လွတ်လပ်ရေးပန်းခြံဆီ ကြွေးကြော်သံတွေ ဟစ်ကြွေး လမ်းလျှောက်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တသွေးတသားတည်း အတူရှိနေကြာင်း ပြသတဲ့အနေနဲ့  လူထုထောက်ခံပွဲ ပြုလုပ်ခဲ့တာပါ။ 



လူထုထောက်ခံပွဲဦးဆောင်သူ ဦးဒီမောဆိုးက “နိုင်ငံတော်အတိုင်ပင်ခံ အမေ ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံ သဟိတ်မြို့မှာရှိတဲ့ နိုင်ငံတကာတရားရုံးမှာ မြန်မာ နိုင်ငံအတွက် သွားရောက်ဖြေရှင်းတာကို မြို့လူထုတရပ်လုံး၊ ဘာသာပေါင်းစုံ၊ အလွှာပေါင်းစုံ အသင်းအဖွဲ့စုံတို့က ဒီကနေ့မှာတော့ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရှိနေကြောင်း လူထု ထောက်ခံပွဲ လုပ်ပြီး ပြသပါတယ်”လို့ ပြောပါတယ်။

လူထုထောက်ခံပွဲဦးဆောင်သူ ဦးမယ်ပက “မိတ္ထီလာမြို့မှာရှိတဲ့ အလွှာပေါင်းစုံ၊ ဌာနပေါင်းစုံ၊ အသင်းအဖွဲ့အစုံ၊ ပါတီပေါင်းစုံအားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ တသွေးတသားတည်း ရင်ဘတ်ချင်းအတူတူ နှလုံးသားချင်းအတူတူနဲ့ ဒီနေ့မှာ ထောက်ခံပွဲ ပြုလုပ်ပါတယ်။ ဒီနိုင်ငံ၊ ဒီမြေ၊ ဒီရေမှာ နေသူအားလုံးကို တရားစွဲတာပါ။ အဲဒါကို အမေဒေါ်အောင်ဆန်းစုကြည်က သွားဖြေရှင်းတာကို အမေနဲ့ အတူရှိနေကြာင်း ထောက်ခံပြသတာပါ” လို့ ပြောပါတယ်။

မိတ္ထီလာမြို့ လွတ်လပ်ရေးပန်းခြံမှာ ကျင်းပတဲ့ လူထုထောက်ခံပွဲမှာ   We stand with Aung San Su Kyi ၊ We stand with our country ၊ We stand with our leader စတဲ့ အနီပေါ်မှာ အဖြူရောင်စာသားပါ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။



မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013