စစ်တွေမြို့တွင်း အဓိကနေရာများတွင် လုံခြုံရေးတင်းကြပ်စစ်ဆေးနေ
ဝဏ္ဏခွာညို
·
December 9, 2019
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အဓိကကျတဲ့ လမ်းဆုံလမ်းခွတွေမှာ ဒီဇင်ဘာ ၈ ရက် ညပိုင်းကစလို့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတင်ကြပ်ထားပြီး ပိတ်ဆို့ ရှာဖွေနေကြပါတယ်။
စစ်တွေမြို့အဝင်လမ်းက မီးစက်ကြီးခွဆုံ၊ နာရီစင်၊ ရခိုင်ပြည်နယ်တရားလွှတ်တော်လမ်းခွဆုံ စတဲ့နေရာတွေမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေအများအပြားချထားပြီး ကားအဝင်အထွက်နဲ့ ဆိုင်ကယ် အဝင်အထွက်တွေကို ပိတ်ဆို့ရှာဖွေတာတွေ၊ မေးမြန်းတာတွေ ဆောင်ရွက်နေတာတွေ့ရပါတယ်။
စစ်ဆေးမေးမြန်းနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး လုံခြုံရေးဆောင်ရွက်နေတဲ့ မြို့နယ်မှူးက “အခုလို လုပ်ဆောင်ရတာ မြို့လုံခြုံရေးအရလုပ် ဆောင်တာဖြစ်ပြီး၊ စစ်တွေမှာအရေးကြီးတဲ့ လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးမှုတွေကို တာဝန်အရပြုလုပ်ရတာ ဖြစ်တယ်”လို့ ဒီဗွီဘီရဲ့ မေးမြန်းချက်ကို ဖြေကြားပါတယ်။
ဒီစစ်ဆေးမှုမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တချို့ပါဝင်ပြီး တပ်မတော်သားတွေပါဝင် တာတော့ မတွေ့ရပါဘူး။