DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ်၌ သားအမိ ၂ ဦးအား သတ်ဖြတ်ခဲ့သူကို ဖမ်းမိ
DVB
·
December 8, 2019
ဘုတလင်မြို့နယ်၌ သားအမိ ၂ ဦးအား သတ်ဖြတ်ခဲ့သူကို ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ လွှဲတဲကျေးရွာအုပ်စု၊ မြောက်တောကြီးကျေးရွာ အနီး ညောင်ပင်ကြီးတောတိုက်မှာ ဒီဇင်ဘာ ၅ ရက် နေ့လယ်ပိုင်းက သားအမိ ၂ ဦးအား သတ်သွားသူကို ၃၆ နာရီအတွင်း ဖမ်းဆီးမိခဲ့ပြီလို့ သိရပါတယ်။

အသတ်ခံရသူတွေကတော့ မရီရီသန့် (၃၆ နှစ်) နဲ့ သမီးဖြစ်သူ မအေးသန္တာထွန်း (၂ နှစ်၊ ၈ လ) တို့ဖြစ်ပြီး နှစ်ဦးစလုံးမှာ ဦးခေါင်းနောက်စေ့ ကြေမွပွင့်ထွက်ဒဏ်ရာတွေနဲ့ ညောင်ပင်ကြီးတောတိုက်ရှိ ဦးကျော်သန်းရဲ့ ကွမ်းခြံထဲမှာ မှောက်လျက်အနေအထား သေဆုံးအလောင်းတွေကို တွေ့ရှိခဲ့လို့ ဘုတလင်မြို့မရဲစခန်း (ပ)၁၈၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အရေးယူဆောင်ရွက်ခဲ့တာပါ။

စစ်ကိုင်းတိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဘုတလင်မြို့မရဲစခန်းမှူး၊ ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့၊ နယ်ထိန်းတပ်ဖွဲ့ဝင်တွေဟာ ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် အဖွဲ့များဖြန့်ခွဲပြီး စုံစမ်းခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။ 

အခင်းဖြစ်ပွားချိန်က ဘုတလင်မြို့နယ်၊ ရွာရှည်မြောက်ကျေးရွာနေ ဦးလှမင်း(ခ)မြမောင်ဟာ အခင်းဖြစ်နေရာကနေ ဖြတ်လာခဲ့ကြောင်း သိရတာကြောင့် ရဲစခန်းကို ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဦးလှမင်းက သူဟာ သေဆုံးသူ မရီရီသန့်ရဲ့ ဖခင်ဖြစ်သူ ဦးကျော်သန်းနဲ့ ခင်မင်ရင်းနှီးကြောင်း၊ ဒီဇင်ဘာ ၅ ရက်နေ့ မနက် ၁၀ နာရီလောက်က ဦးကျော်သန်းရဲ့ ယာခင်းတဲအနီး ရေပိုက်ပျော့အား သွားရောက်ယူဆောင်စဉ် အနီးရှိကွမ်းခြံထဲ မရီရီသန့်အား တွေ့ရှိလို့ သွားရောက်စကားပြောပြီး ဗလက္ကာယပြုဖို့ အတင်းဆွဲခေါ်စဉ် ရုန်းကန်ထွက်ပြေးတာကြောင့် အနီးက ထွန်သွားချောင်းနဲ့ ရိုက်သတ်ပြီးနောက် သမီးဖြစ်သူ မအေးသန္တာထွန်းအား နှုတ်ပိတ်တဲ့အနေနဲ့ ထပ်မံရိုက်သတ်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့တယ်။

ကျူးလွန်သူအား ၃၆ နာရီအတွင်း ဖမ်းဆီးရမိနိုင်အောင် စုံစမ်းဖော်ထုတ်နိုင်ခဲ့ကာ အမှုခိုင်မာစွာ တည်ဆောက်ပြီး တရားစွဲတင်နိုင်ရေး စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013