DVB Logo
Home
မြန်မာသတင်း
ကျောက်စိမ်းတူးကွက်တွင် နေထိုင်သူများကို ပြောင်းရွှေ့ရန် ညွှန်ကြား
DVB
·
February 4, 2013
ကျောက်စိမ်းတူးကွက်တွင် နေထိုင်သူများကို ပြောင်းရွှေ့ရန် ညွှန်ကြား
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းတူးကွက် အနီးအနားမှာ ထောင်နဲ့ချီတဲ့ နေထိုင်ကြသူတွေကို နေအိမ်တွေကနေ ဖယ်ရှားပေးဖို့ ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေကနေ ညွှန်ကြားထားတယ်လို့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်စိုးက ပြောပါတယ်။

“နိုင်ငံတော်ရဲ့ လုပ်ကွက်တွေမှာ ကုမ္ပဏီတွေ ၀င်လုပ်တော့ သာမန်အရပ်သားပြည်သူတွေက တပိုင်တနိုင်ကျင်းလေးတွေ တူးနေကြတာလေ။ သူတို့တွေက ကျင်းဘေးမှာ တဲလေးတွေထိုးပြီး လုပ်ရကိုင်ရလွယ်အောင် နေတာလေ။ အဲဒါကို တဲတွေဖယ်ရှားရှင်းလင်းဖို့၊ တူးတာကို ရပ်ဆိုင်းပေးဖို့ အမိန့်ထုတ်တာပါ။”

[caption id="attachment_36052" align="alignleft" width="150" caption="ရေမဆေးကျောက်ရှာသူများ"][/caption]

အဲဒီလို ပြောင်းရွှေ့ရမယ်သူတွေဟာ ထောင်နဲ့ချီရှိနေပြီး သူတို့ကို မှီခိုစားသောက်နေရတဲ့ မိသားစုဝင်တွေလည်း အကျပ်အတည်းဖြစ်စေမယ်လို့ ဦးတင်စိုးက ဆိုပါတယ်။

“ရေမဆေးကျောက်ရှာကြသူတွေကတော့ ခါတိုင်းလုပ်ကွက်တွေကနေ သူတို့စွန့်ပစ်မြေစာပုံကနေ ရှာဖွေပြီး စားသောက်ရတဲ့အနေအထားပေါ့။ အခုလက်ရှိကတော့ ကုမ္ပဏီလုပ်ငန်းတွေက ရပ်နားထားတော့ လုပ်ကွက်တွေမှာ တပိုင်တနိုင် သံတိုင်လေးနဲ့ မိရိုးဖလာတူးခဲ့ကြတဲ့ ပုံစံအတိုင်း တူးကြတာတော့ ရှိပါတယ်။ ဒါကြောင့် မတူးခိုင်း မလုပ်ခိုင်းတော့ဘူးဆိုရင် ဒီနယ်မြေမှာ ၁ သိန်းကျော်လောက်ရှိတဲ့ ရေမဆေးတွေနဲ့ သူတို့ကို မှီခိုနေရတဲ့ ကျောက်သမားတွေအနေနဲ့ တော်တော်လေး အကျပ်အတည်းဖြစ်သွားနိုင်တဲ့ အနေအထားမျိုး မြင်နေရတယ်။”
အဖိုးတန်ကျောက်စိမ်းများထွက်ရှိတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ မြန်မာတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ် မေလက စလို့ တရားဝင် ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013