ဖာပွန်မြို့တွင် မြေငလျင်လှုပ်
DVB
·
December 8, 2019

ကရင်ပြည်နယ် ဖာပွန်မြို့ တောင်-အနောက်တောင်ဘက်မှာ မနေ့ညက အင်အား ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃ နာရီ၊ ၀၈ မိနစ်၊ ၂၂ စက္ကန့်အချိန်က ဖာပွန်မြို့ရဲ့ တောင်၊ အနောက်တောင်ဘက် ၂၄ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၇.၇၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၃၆ ဒီဂရီ၊ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။











