
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ရွာအနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကပစ (၁၆) အနီး ပွိုင့် (၅၀၀) ဗျူဟာကုန်း ကာကင်းစခန်း ၄ ခုကို အာရက္ခတပ်တော် (AA) က မေ ၄ ရက်ကနေ ၇ ရက်နေ့အထိ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ သတင်းဌာနဖြစ်တဲ့ Arakan Princess Media က ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က အလောင်း ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေကို AA က သိမ်းဆည်းရမိခဲ့ပါတယ်။
သေဆုံးသူတွေဟာ စကခ (၁၀) လက်အောက်ခံ ခမရ ၃၆၃၊ ၃၆၄၊ ၃၆၆ နဲ့ ၃၆၉ တပ်ရင်းတွေက ဖြစ်တယ်လို့ သိရပါတယ်။
မေ ၈ ရက်ကလည်း ထွက်ပြေးသွားတဲ့ စစ်တပ်ဖွဲ့ဝင်တွေကို AA က လိုက်လံရှင်းလင်းနေပြီး၊ ကျန်နေသေးတဲ့ ခံစစ်စခန်းနဲ့ ကာကင်းစခန်းတွေကို ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
ဧပြီ နောက်ဆုံးပတ်က ကပစ ၁၆ အနီး တိုက်ပွဲမှာလည်း စစ်အာဏာရှင်တပ်က တပ်သားတချို့ AA ရဲ့ စနိုက်ပါကြောင့် သေဆုံးသူများခဲ့သလို တချို့ထွက်ပြေးသွားသူတွေကိုတော့ AA နဲ့ မဟာမိတ်တွေက ဖမ်းဆီးထားပါတယ်။










