DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေးအခင်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူ ၂၀၀ ကျော် ကျန်ရှိ
DVB
·
February 3, 2013
ရခိုင်အရေးအခင်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူ ၂၀၀ ကျော် ကျန်ရှိ
Donate to DVB

ပြီးခဲ့ ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် လူမျိုးရေး အဓိကရုန်းကြောင့် ဖမ်းဆီးထားသူပေါင်း စစ်တွေ အကျဉ်းထောင်မှာ ၂၀၀ ကျော် ကျန်နေသေးတယ်လို့ ဖေဖေါ်ဝါရီ ၁ ရက်နေ့ ညနေပိုင်းက လွတ်မြောက်လာတဲ့ ကျောက်တော်မြို့နယ် နဂရကျေးရွာနေ ဦးအေးမောင်က ဒီဗွီဘီကို ပြောပါတယ်။

စစ်တွေအကျဉ်းထောင်ထဲမှာ ရခိုင်တိုင်းရင်းသား ၃၀ ကျော်နဲ့ မွတ်စလင်ဘာသာဝင် ၁၇၀ ကျော် ကျန်နေသေးတယ်လို့ သိရပါတယ်။  ဒါပေမယ့် အကျဉ်းထောင်ထဲမှာ ရခိုင်လူမျိုးတွေနဲ့ မွတ်စလင်ဘာသာဝင်တွေ ပြဿနာ တစုံတရာ ဖြစ်ပွားတာမျိုးမရှိပဲ အေးအေးချမ်းချမ်းနဲ့ နေထိုင်နေကြတယ်လို့ ဦးအေးမောင်က ပြောပါတယ်။

ဖမ်းဆီးခံနေသူတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး  ဦးအေးမောင်က “ပထမကတော့ သူတို့ အကျဉ်းသားကို အကျဉ်းသားလိုပဲ ဆက်ဆံပါတယ်။ နောက်ပိုင်း အကျဉ်းသားတွေ အခွင့်အရေးရရှိရေး ကျနော်တို့ပြောတော့ ပြောတဲ့သူတွေကို လုပ်ပေးပြီး မပြောတဲ့သူတွေကိုတော့ အရင်စစ်အစိုးရလက်ထက်ကအတိုင်း လုပ်နေတာပဲ။ ရခိုင်တွေက အပေါ်ထပ်မှာ နေရတယ်။ မွတ်စလင်တွေကိုတော့ အောက်ထပ်မှာ သပ်သပ်ထားပါတယ်။ ဘာပြဿနာမှမရှိဘူး အေးအေးဆေးဆေးပါပဲ” လို့ ပြောပါတယ်။

ဦးအေးမောင်နဲ့အတူ အခြား ရခိုင်လူမျိုး ၉ ဦးလွတ်မြောက်လာခဲ့ပါတယ်။ ဦးအေးမောင်တို့ဟာ ကျောက်တော်မြို့နယ်အတွင်းက မွတ်စလင်ကျေးရွာကို မီးရှို့မှုနဲ့ မသင်္ကာဖြစ်လို့ ဖမ်းဆီးခံခဲ့ရပြီး တရားရင်ဆိုင်ခဲ့ရတာလို့ ဆိုပါတယ်။

“ကျနော်တို့ကို တရားရုံးတင်ပါတယ်။ တရားရုံးမှာ အမှုရင်ဆိုင်ရတယ်။ တရားရုံးမှာ ရက်ပေါင်း ၂၃၁ ရက်ထိ အမှုရင်ဆိုင်ရပြီး အမှုမထင်ရှားဘူး၊ အမှုမှာ မပါဝင်ဘူးဆိုပြီး ကျနော်တို့ကို တရားရုံးကနေ ပြန်လွှတ်ပေးလိုက်တာပါ။”

စစ်တွေထောင်မှာ ကျန်နေသေးတဲ့ ၂၀၀ ကျော်ကိုလည်း တရားရုံးတင် စစ်ဆေးနေပြီး မကြာခင် ပြန်လည် လွတ်မြောက်ဖို့ ရှိတယ်လို့ ဦးအေးမောင်က ဆိုပါတယ်။

“အမှုမှာ ပါဝင်ထင်ရှားတဲ့သူတွေကိုတော့ သူတို့ထောင်ချမှာပါ။ ပါဝင်ပတ်သက်မှုမရှိတဲ့သူတွေကိုတော့ ပြန်လွှတ်ပေးမယ်လို့ ထင်ပါတယ်။”

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013