DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာကန်ပတ်လမ်းတွင် လူသတ်မှုကျူးလွန်ခဲ့သူ ဖမ်းဆီးရမိ
DVB
·
December 6, 2019
မိတ္ထီလာကန်ပတ်လမ်းတွင် လူသတ်မှုကျူးလွန်ခဲ့သူ ဖမ်းဆီးရမိ
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာကန်ပတ်လမ်းတွင် အဝေးသင်တက္ကသိုလ် ပထမနှစ်ကျောင်းသားကို သတ်သွားတဲ့ အဝေးသင်နောက်ဆုံးနှစ် ကျောင်းသားကို တပတ်အတွင်း ဖော်ထုတ် ဖမ်းဆီးမိတယ် လို့ ဒီဇင်ဘာလ ၆ရက်နေ့က မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘလ ၂၉ ရက် မနက်က မိတ္ထီလာတောင်ဘက်ကန် အထက(၁)အရှေ့ဘက်ရှိ ကန်ပတ်လမ်းမှာ အဝေးသင်တက္ကသိုလ် သမိုင်းပထမနှစ် တက်ရောက်နေတဲ့ သန်းကျော်ဦး (၂၀နှစ်)၏ ဘယ်ဘက်ရင်အုံမှာ ထိုးသွင်းဒဏ်ရာတချက်တည်းနဲ့ သေဆုံးခဲ့ခြင်း အပေါ်စုံစမ်း စစ်ဆေးဖော်ထုတ်ရာ ဒီဇင်ဘာလ ၅ရက်နေ့မှာ လူသတ်မှုကျုးလွန်သူကို ဖော်ထုတ်ဖမ်းဆီးမိခဲ့ ပါတယ်။

မိတ္ထီလာမြို့နယ် လက်ပံအိုင်ရွာနေ အဝေးသင် မြန်မာစာနောက်ဆုံးနှစ် တက်ရောက်နေတဲ့ အောင်သူ(ခ)ဝမ်းဘတ်(၂၉နှစ်)နှင့် ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးသူ သန်းကျော်ဦးတို့ဟာ တဆောင်တည်း နေထိုင်ကျောင်းတက်ခဲ့ပါတယ်။

အဝေးသင်စာမေးပွဲနောက်ဆုံးနေ့ နိုဝင်ဘာ ၂၈ ရက် ညက မိတ္ထီလာကလေးကစားကွင်းမှာ အရက်အတူတူသောက်ပြီးနောက် ကန်ပတ်လမ်းကို ပြောင်းရွေ့ပြီး အရက်အတူတူ သောက်ကြရာ မန်ယူနဲ့ မန်စီးတီး ဘောလုံးပွဲအကြောင်း အနိုင်အရှုံး ငြင်းခုံရာက စကားများကြရန်ဖြစ်ပြီး လူသတ်မှုဖြစ်ခဲ့တယ် ဆိုတာ ဝန်ခံထွက်ဆိုကြောင်း သိရပါတယ်။

မိတ္ထီလာမြို့မရဲစခန်းစခန်းမှူးက "၂ဦးလုံး အဝေးသင် တက္ကသိုလ်ကျောင်းသားတွေပါ။ တဆောင်တည်းနေကြတယ်။ အဝေးသင်စာမေးပွဲ နောက်ဆုံးရက်က ဖြစ်ခဲ့ကြတယ်။ သက်သေခံ ပစ္စည်းတွေကို ရှာဖွေပုံစံနဲ့ သိမ်းဆည်းနေပါတယ်။ ဓားကို ရေကန်ထဲ လွှင့်ပစ်တယ် ဆိုလို့ ရှာဖွေနေပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းမှာ အောင်သူ(ခ) ဝမ်းဘတ် ကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂အရ အမှုဖွင့်ထားပြီး မိတ္ထီလာမြို့နယ်တရားရုံးမှာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဖြောင့်ချက်ပေးထား ကြောင်း သိရှိရပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013