DVB Logo
Home
မြန်မာသတင်း
သာဓုကန်စက်မှုဇုံရှိ World Jin အထည်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြ
DVB
·
December 6, 2019
သာဓုကန်စက်မှုဇုံရှိ World Jin အထည်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြ
1 / 3
Donate to DVB

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုံရှိ World Jin အထည်ချုပ်စက်ရုံက အလုပ်သမား ၂၅၀ ကျော်ဟာ လူမှုဖူလုံရေးခံစားခွင့်တွေ ရရှိဖို့ ညအိပ် ဆန္ဒပြနေကြပါတယ်။

အလုပ်ရှင်က လူမှုဖူလုံကြေးတွေကို လစာထဲက ဖြတ်တောက်ထားပေမယ့်လည်း လူမှု ဖူလုံရေးဦးစီးဌာနမှာ မပေးသွင်းထားကြောင့် ကိုယ်၀န်ဆောင် အလုပ်သမတွေ ဆေးကုသခွင့် ဆုံးရှုံးနေတာနဲ့ လုပ်သက်ခွင့်တွေ မရရှိတဲ့အတွက် အောက်တိုဘာ ၂၅ ရက်က မြို့နယ် လူမှုဖူလုံရေးဦးစီးဌာနနှင့် အလုပ်သမားဦးစီးဌာနတွေကို ဖြေရှင်းပေးဖို့ တိုင်ကြားခဲ့တာ ဖြေရှင်းဆောင်ရွက်ပေးတာမရှိလို့ စက်ရုံရှေ့မှာ ညအိပ်ဆန္ဒပြရတာလို့ အလုပ်သမားတွေက ပြောပါတယ်။

နိုဝင်ဘာ ၆ ရက်ကနေ့ စတင်ပြီး ရုံပြင်ထွက် ဆန္ဒပြခဲ့တာဖြစ်ပြီး စက်ရုံရှေ့မှာ ညအိပ်ဆန္ဒပြတာဟာ နိုဝင်ဘာ ၂၆ ရက်နေ့ကစတင်ခဲ့ကာ ဒီဇင်ဘာ ၅ ရက်နေ့ဆိုရင် တပတ်ကျော်သွားပြီလို့ အလုပ်သမားတွေက ပြောပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ကိုယ်၀န်သည် အလုပ်သမား မဇာခြည်က "မြေကြီးပေါ်မှာ နေ့ရော၊ ညပါနေရတာဆိုတော့ ကြာလာတော့ လူတွေလဲ ဖျားနာကုန်ကျရော၊ ကိုယ်၀န်သည်နဲ့ အန်တီကြီး တွေဆို ဒုက္ခအတော် ရောက်ကြတယ်။ မတရားခံရတာများလို့သာ အခုလို စိတ်မာနေကြတာ။ စက်ရုံရှေ့မှာနေပြီး ဆန္ဒပြကြရတာ၊ စက်ရုံကလည်း မြို့ပြင်မှာဆိုတော့ အိမ်သာအသုံးပြုရတာ၊ သွားလာတာလဲ အရမ်းခက်ခဲတယ်"လို့ ပြောပါတယ်။

ခေါင်းဆောင်တဦဖြစ်တဲ့ မ‌မွှေးမွှေးကလည်း "အရင်လကတည်းက ညှိနှိုင်းပြီးတာနဲ့ အားလုံးအလုပ်ပြန်၀င်ဖို့ အဆင့်သင့်ပဲ။ အလုပ်ရှင်ရော၊ အစိုးရတာ၀န်ရှိသူတွေကရော ထိထိရောက်ရောက် မလုပ်ပေးပဲ ခေါင်းရှောင်နေကြတော့ အလုပ်သမားအားလုံးဒုက္ခ‌အရောက်ခံ၊ ပင်ပန်းခံပြီး နေကြရတာ။ မိခင်တွေ၊ ကိုယ်၀န်သည်တွေလဲပါတယ်။ နေ့ပူပြီး၊ ညအရမ်းအေးတယ်၊ ‌မြေကြီးက ရေငွေ့ရိုက်ပြီး ဖျားနာ ရင်ဆိုင်နေကြတာ။ သူတို့တောင် သတ္တိရှိတော့ ကျမလို့လည်း အားမလျော့ကြပါဘူး" ‌ပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေနဲ့ ဖျားနာလူနာတွေကို   ဒီဇင်ဘာလ ၂ ရက်နေ့က Togetherness အဖွဲ့က စေတနာ့၀န်ထမ်းတွေနဲ့ အန်အယ်ဒီပါတီလူငယ်တွေက လာရောက် ဆေးဝါးကုသ ကူညီပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013