DVB Logo
Home
Lead Story
စိုင်းထီးဆိုင်ရဲ့ ‘ဒီဆောင်းတစ်ည’သီချင်းကို ကိုယ်ပိုင်ဟန်ဖြင့် အစွမ်းပြသီဆိုခဲ့သူ အေးမြဖြူ(ရုပ်သံ)
DVB
·
December 6, 2019
စိုင်းထီးဆိုင်ရဲ့ ‘ဒီဆောင်းတစ်ည’သီချင်းကို ကိုယ်ပိုင်ဟန်ဖြင့် အစွမ်းပြသီဆိုခဲ့သူ အေးမြဖြူ(ရုပ်သံ)
Donate to DVB

“နှစ်တိုင်းကြုံကာနေမယ်… ဟေမာန်ဆောင်းရယ်ဒီအလွမ်းရယ်… ချစ်တဲ့သူ မျှော်နေခဲ့ တယ်… ကိုယ့်အတွေးများလည်း… နောက်တခေါက်လာချင်သော်လည်း… မလာနိုင်တော့ ရင်နာမိတယ်… မငိုချင်ဘူး ဒီဆောင်းတစ်ညတော့… မငိုချင်ဘူး”

မနေ့ညက ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် Top Finalists ၆ ယောက်က ဟေမာန်ဆောင်းအမှတ်တရ သီချင်းတွေနဲ့အတူ အစွမ်းကုန် ယှဉ်ပြိုင်ခဲ့ကြတာပါ။

ခုတပတ်မှာတော့ မြန်မာအိုင်ဒေါရဲ့ အသက်အငယ်ဆုံး ပြိုင်ပွဲဝင် အေးမြဖြူက ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် စိုင်းထီးဆိုင်ရဲ့ နာမည်ကျော်သီချင်းတပုဒ်ဖြစ်တဲ့ “ဒီ ဆောင်းတစ်ည”သီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်သွားခဲ့တာ ဖြစ်ပါတယ်။

“အချစ်ဆုံးနဲ့လမ်းခွဲကာ… ကိုယ်စီသွားတယ် ဒီဆောင်းတစ်ညမှာ… ချစ်ဆုံးနဲ့ လမ်းဆုံးမှာ ငိုနေခဲ့တယ်… အချစ်ဆုံးနဲ့လမ်းခွဲကာ… ကိုယ်စီသွားတယ် ဒီဆောင်းတစ်ည မှာ… ချစ်ဆုံးနဲ့ လမ်းဆုံးမှာ ငိုနေခဲ့တယ်”

အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ လက်ရှိမှာတော့ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက် အငယ်ဆုံးပြိုင်ပွဲဝင် ဖြစ်လာခဲ့ပါတယ်။

အေးမြဖြူဟာ Myanmar Idol ရဲ့ Audition အဆင့်မှာလည်း နီနီခင်ဇော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ‘ရက်စက်သွားသူ’သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

Top Finalists ၁၁ ယောက် အပြိုင်ကြဲယှဉ်ပြိုင်ကြရတဲ့ ပထမသီတင်းပတ်မှာ တော့ ပြိုင်ပွဲဝင်တွေဟာ သူတို့ကြိုက်နှစ်သက်ရာသီချင်းတွေနဲ့ အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြ တာဖြစ်ပြီး အေးမြဖြူက နီနီခင်ဇော်ရဲ့ ‘လွမ်းခွင့်လေး’သီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့တာ ပါ။

ရော့ခ်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ နောက်တပတ်မှာတော့ သူက သရုပ် ဆောင်အဆိုတော် မင်းသားကြီး ကျော်ဟိန်း သီဆိုအောင်မြင်ခဲ့တဲ့ ‘မြင်သောငိုသော မျက် လုံးများသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ပြီးခဲ့တဲ့ တက္ကသိုလ်သီချင်းတွေနဲ့ သီတင်းပတ်မှာတော့ ဝါရင့်တေးသံရှင် သရုပ်ဆောင်မင်းသမီးကြီး ချိုပြုံးရဲ့ ‘တက္ကသိုလ်ကျောင်းက ငွေလမင်း’ သီချင်းနဲ့ မြန်မာသံကို ပိုင်ပိုင်နိုင်နိုင်သီဆို အစွမ်းပြခဲ့တာ ဖြစ်ပါတယ်။

ကန်းထရီးသီချင်းတွေနဲ့ ညမှာတော့ အေးမြဖြူက တချိန်က နာမည်ကြီး အမျိုး သမီး တေးသံရှင်တဦးဖြစ်တဲ့ တင့်တင့်ထွန်းရဲ့ တောက်ပခဲ့တဲ့ နေ့ရက်များ’အမည်ရတဲ့ သီချင်းတပုဒ်နဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့ပြီး စိုးလွင်လွင်အမှတ်တရသီချင်းတွေနဲ့ သီတင်းပတ် မှာတော့ ‘ချစ်သူစိတ်ကူး’သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါ တယ်။

ခုသီတင်းပတ်ရဲ့ ဟေမာန်ဆောင်းသီချင်းတွေနဲ့ အမှတ်တရသီဆိုရတဲ့ ညမှာလည်း အေးမြဖြူဟာ မူးရင်းသီချင်းသံစဉ်နဲ့ မတူညီတဲ့ မယ်လိုဒီစည်းချက်တွေကြားမှာ အစွမ်းပြ ခဲ့ပြီး ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ ဖမ်းစားထားနိုင်ခဲ့ပါတယ်။

သီချင်းအဆုံးမှာတော့ ဒိုင်တွေက မှတ်ချက်ပေးခဲ့ချိန်မှာတော့ နာမည်ကြီးသီချင်း တပုဒ်ကို အေးမြဖြူရဲ့ ကိုယ်ပိုင်သီဆိုဟန်နဲ့ သီဆိုမှုအပေါ် ချီးကျူးမှတ်ချက်တွေ ပေးခဲ့ကြတာကို တွေ့ရပါတယ်။

ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ အဆုံးအဖြတ်ပေးမယ့် အခုညရဲ့ Result Show မှာတော့ ပြိုင်ပွဲဝင် Top finalists ၆ ယောက်ထဲက ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက်သွားရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013