ခန္တီးမြို့တွင် မြေငလျင်လှုပ်ခတ်
DVB
·
December 6, 2019

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ မနေ့ညက အင်အား ၄.၀ အဆင့်ရှိ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၄၉ မိနစ်၊ စက္ကန့် ၃၀ အချိန်မှာ ခန္တီးမြို့ရဲ့ အနောက်တောင်ဘက် ၃၁ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၇၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၂၇ ဒီဂရီ၊ အနက် ၅၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။











