DVB Logo
Home
Lead Story
ဟေမာန်ဆောင်းညရဲ့အလွမ်းအိန်ဂျယ် (သို့) အဆွေးနတ်သမီး အက်စတာ ဒေါ့သ်ချင်းဆုန်(ရုပ်သံ)
DVB
·
December 6, 2019
ဟေမာန်ဆောင်းညရဲ့အလွမ်းအိန်ဂျယ် (သို့) အဆွေးနတ်သမီး အက်စတာ ဒေါ့သ်ချင်းဆုန်(ရုပ်သံ)
Donate to DVB

       “မြူနှင်းများထဲ ပျောက်ဆုံး… ကိုယ့်ကို မေ့နိုင်ခဲ့သူ မင်းရင်ထဲမှာ ဘာလဲ… ဒီဇင် ဘာညတို့ အေးစက်လွန်းခဲ့တဲ့ အချိန်တိုင်း… ကိုယ်လေ စဉ်းစားမရအောင်”

       ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက သီချင်းအေးအေးလေးတွေ ခပ်ဆွေးဆွေး သီဆိုလေ့ရှိတဲ့ အမျိုးသမီးတေးသံရှင် မို့မို့ကို ပြန်လည်အမှတ်ရမိကြမှာပါ။

       တေးရေးတေးဆိုတဉီးဖြစ်တဲ့ ဆောင်းဦးလှိုင်ရေးစပ်ပေးထားတဲ့ ‘ဆွေး’လို့အမည် ပေးထားတဲ့ ဒီသီချင်းကိုတော့ မနေ့ညက ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါရဲ့ ပြိုင်ပွဲစင်မြင့် ထက်မှာ တကျော့ပြန်ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။

       ဒီသီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သူကတော့ ချင်းတိုင်းရင်းသူ ပြိုင်ပွဲဝင် အက်စတာ ဒေါ့ သ်ချင်းဆုန်ဖြစ်ပြီး တကယ့်ကို ကိုယ်ပိုင်ဟန်သီဆိုဟန်နဲ့ အလွမ်းအဆွေးနတ်သမီးတပါး ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။

       “တယောက်တည်းပဲပေါ့ အချစ်ရေ… အသက်ရှူတိုင်းမှာ မင်းကိုလွမ်း... ဒီအချိန် မင်းအနား တယောက်ယောက် ချစ်ခွင့်ရနေမလား… ကိုယ်ခံစားလိုက်ရတာ ဆွေး... တို့ ဝေးရင်အချစ်ရေ ညတိုင်း ဆွေး... ကြွေခဲ့ပြီ နှင်းတွေ မျက်ဝန်းအတွင်း… တို့ဝေးရင် ည တွေ ရက်စက်… မင်းမရှိတော့ ခံစားလိုက်ရတာ ဆွေး”

ဆဋ္ဌမမြောက်သီတင်းပတ်အနေနဲ့ မနေ့ညက ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါ သီချင်း ဆိုပြိုင်ပွဲမှာတော့ ဟေမာန်ဆောင်းအမှတ်တရသီချင်းတွေနဲ့အတူ ပြိုင်ပွဲဝင် Top Finalists ၆ ယောက်ဖြစ်ကြတဲ့ ယောကီး၊ ဘင်ဂျမင်ဆုန်း၊ နော်စေးစေးထူး၊ အက်စတာ ဒေါ့သ်ချင်းဆုန်၊ မူးလာနဲ့ အေးမြဖြူတို့က အစွမ်းပြ ယှဉ်ပြိုင်ခဲ့ကြတာပါ။

ချင်းတိုင်းရင်းသူလေး အက်စတာဟာ မြန်မာအိုင်ဒေါရဲ့ Performance Show မှာ တော့ တေးသံရှင် ချောစုခင်ရဲ့ ‘ကိုယ့်အတွက်အိပ်မက်မင်းမက်လား’၊ ဒုတိယ သီတင်း ပတ် Rock Week မှာတော့ တေးသံရှင် ကော်နီရဲ့ ‘ရင်ကိုဖွင့်လိုက်စမ်း’၊ အမှတ်တရ တ က္ကသိုလ်သီချင်းတွေနဲ့ တတိယသီတင်းပတ်မှာတော့ တေးသံရှင်မဒီရဲ့ ‘အချစ်တွေနဲ့ လွမ်း နေတယ်’၊ ကန်းထရီးကျေးလက်သီချင်းတွေနဲ့ စတုတ္ထသီတင်းပတ်မှာတော့ အဆိုတော် သရုပ်ဆောင်မင်းသား စိုးသူရဲ့ ‘ဘရိတ်မပါတဲ့ကား’၊ ပဉ္စမမြောက်သီတင်းပတ် စိုးလွင်လွင် သီချင်းတွေနဲ့ညမှာတော့ ‘စိုးစိတ်တိုးတိတ်လွမ်းချိန်’သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့ ပြီး တဆင့်ပြီးတဆင့် တက်လှမ်းလာနိုင်ခဲ့တာပါ။

“အိပ်ပျော်သွားအောင် ကြိုးစားနေဆဲပေါ့… အချစ်လေး... တယောက်တည်း ကိုယ့် ကမ္ဘာမှာပေါ့… မျှော်လင့်ချက်တွေ ကိုယ်ဟာ ပျောက်ရှသွားတော့... ဆွေး... အချစ်ရေ ည တိုင်း ဆွေး... နှင်းတွေ မျက်ဝန်းအတွင်း… ညတွေ ရက်စက်… မင်းမရှိတော့ ခံစား လိုက်ရတာ ဆွေး”

ခုသီတင်းပတ်ရဲ့ ဟေမာန်ဆောင်းညသီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရာမှာလည်း အက်စတာက သူ့ရဲ့ ကိုယ်ပိုင်သီဆိုဟန်၊ စတိုင်အပြည့်နဲ့ ပရိသတ်တွေကိုရော ဒိုင်တွေ ကိုပါ ဖမ်းစားထားနိုင်ခဲ့ပါတယ်။

သီဆိုယှဉ်ပြိုင်မှုသီချင်းအဆုံးမှာတော့ ဒိုင်တွေက မှတ်ချက်ပေးခဲ့ချိန်မှာတော့ ဒိုင် တွေထဲက တဉီးဖြစ်တဲ့ တင်ဇာမော်က “တော်တော် အမှားနည်းတာကိုလည်း သတိထား မိတယ်။ ပြီးခဲ့တဲ့ တပတ်ကဆိုလည်း တချက်ကလေးပဲ။ အခုဒီတခေါက်ဆိုလည်း အစပိုင်း လေးမှာ နုတ်နည်းနည်းလေး ယိုင်သွားတာလေး တချက်ကလေးပဲ ကြားတာ။ ကျန်တာ တွေ အကုန်လုံးက တော်တော်ကို စနစ်တကျနဲ့ ဘောင်ထဲမှာဆိုတဲ့အပြင် ဒီကရုဏာရသ ကိုပါ ပေးစွမ်းတော့ ဒီလိုသီချင်းမျိုးနဲ့ကျတော့ သမီးက သီချင်းဖြစ်သွားတာပေါ့”လို့ ချီး ကျူးမှတ်ချက် ပေးခဲ့တာပါ။

ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ အဆုံးအဖြတ်ပေးမယ့် အခုညရဲ့ Result Show မှာတော့ ပြိုင်ပွဲဝင် Top finalists ၆ ယောက်ထဲက ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက်သွားရမလဲ ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013