DVB Logo
Home
Lead Story
တောဝက်လူငယ်ဘောလုံးသမားလေးများအကြောင်း  -The Cave ရုပ်ရှင် ရုံတင်ပြသ
DVB
·
December 6, 2019
တောဝက်လူငယ်ဘောလုံးသမားလေးများအကြောင်း  -The Cave ရုပ်ရှင် ရုံတင်ပြသ
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း လိုဏ်ဂူတခုထဲမှာ ပိတ်မိနေခဲ့ကြတဲ့ တောဝက်အကယ်ဒမီ လူငယ်ဘောလုံးအသင်းဝင် ၁၃ ဦးကို ကယ်တင်နိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန် ရုပ်ရှင်ကားကို မြန်မာနိုင်ငံ တဝန်းရုပ်ရှင်ရုံတွေမှာ ခုသီတင်းပတ် စတင် ရုံတင်ပြသနေပါတယ်။

ရုပ်ရှင်ကားနာမည်ကိုတော့ ထိုင်းဘာသာနဲ့ နန်းနွန်း၊ အင်္ဂလိပ်ဘာသာနဲ့ The Cave လို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ အိုင်ယာလန်နွယ်ဖွား ထိုင်းရုပ်ရှင်ဒါရိုက်တာ တွမ်ဝေါ်လာက ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

တောဝက် အကယ်ဒမီ လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြတို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ ခွန်နမ့်နန်းနွန်း လိုဏ်ဂူထဲမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ကနေ ဇူလိုင် ၁၀ ရက်နေ့ထိ အချိန် ၂ ပတ်ကျော်ကြာ ပိတ်မိနေခဲ့ကြပြီးမှ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုပေးထားတဲ့ ရုပ်ရှင်နာမည် နန်းနွန်းဆိုတာကတော့ သူတို့ပိတ်မိနေခဲ့တဲ့ လိုဏ်ဂူရဲ့ အမည်ဖြစ်ပြီး ဒီအဖြစ်အပျက်ဟာ တကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ရတဲ့ ဖြစ်စဉ်မို့ ရုပ်ရှင်အနေနဲ့လည်း နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါ တယ်။

ဝေါ်လာကတော့ ဒီရုပ်ရှင်ကားထဲမှာ ဂူတွင်းပိတ်မိနေခဲ့တဲ့ တောဝက်လူငယ် ဘောလုံးအသင်းသားတွေကို ကယ်တင်ခဲ့တဲ့ ဖြစ်စဉ်ရဲ့ ကနဦး ပါဝင်ခဲ့သူတွေ၊ မဖော်ကျူးရသေးတဲ့ သူရဲကောင်းတွေအနေနဲ့ အဓိကထား ရိုက်ကူးသွားမယ်လို့ အစောပိုင်းကာလမှာ ပြောခဲ့တာပါ။

ဒါရိုက်တာ ဝေါ်လာကတော့ ဆင်ဆာကိစ္စတွေ၊ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်တွေအပြင် ဒီအဖြစ်အပျက်ဇာတ်လမ်းမှာ ပါဝင်သူတွေကြား ရုပ်ရှင်ရိုက်ကူးရတာ တကယ့်အိပ် မက်ဆိုးတခုလိုပဲလို့ ပြောလိုက်ပါတယ်။

ဒီရုပ်ရှင်ကား Trailer ဟာ စက်တင်ဘာ ၄ ရက်နေ့မှာ ထွက်ရှိလာခဲ့ပြီး ထိုင်းနိုင်ငံတဝန်းမှာ နိုဝင်ဘာလ ၂၈ ရက်နေ့မှာတော့ ထိုင်းနိုင်ငံတဝှမ်းရုပ်ရှင်ရုံတွေမှာပါ ရုံတင်ပြသနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013