Home
မြန်မာသတင်း
အလစ်ဝင်တိုက်ခံရခြင်းကြောင့် တပ်စခန်းနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံးဟု ကေအိုင်အေပြော
နော်နိုရင်း
·
December 5, 2019
3a8fd26dd0f1b6e7db625ce6c18df34f_XL
2-51219
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာရဲ့ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာက ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ရဲ့တပ်စခန်းတခုနဲ့ လက်နက်ခဲယမ်းတွေ ဆုံးရှုံးရတာဟာ တပ်မတော်ဘက်က အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။  “ကျနော်တို့တပ်ရင်း ၈ ရဲ့ ရှေ့တန်းစခန်းဖြစ်ပါတယ်။ လူကတော့ ၅ ယောက်လေက်တော့ရှိ မှာပါ။ အဲဒါကို သူတို့ အလစ်အငိုက်နဲ့ဝင်တိုက်တာဖြစ်ပါတယ်။ စခန်းက ကေအို်ငအေအတွက် အရေးတော့ ပါတာပေါ့။ ကျနော်တို့ ဗျူဟာနဲ့ကြည့်မယ်ဆိုရင်တော့ အရေးပါတဲ့နေရာ တော့ဖြစ်ပါတယ်။ ” အဆိုပါတပ်စခန်းမှာ မြန်မာ့တပ်မတော်နဲ့ အနီးကပ်ရှိနေတဲ့ စခန်းမဟုတ်ဘဲ ဝင်ရောက်တိုက်ခိုက်ခံရတာဖြစ်ပြီး တပ်မတော်ဘက်ကတော့ ကေအိုင်အေဘက် စတင်ပစ်ခတ်ခဲ့တာ လို့ ဒီဇင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။  ဒီပေါ် ဗိုလ်မှူးကြီး နော်ဘူက “ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာကတော့ ကေအိုင်အေက စပြီးမှ တိုက်တယ်ဆိုပြီးမှ ရေးထားတာတွေ့ရပါတယ်။  အမှန်ဆိုလို့ရှိရင်တော့ စခန်းထဲမှာ ဘာမှကျနော်တို့ဘက်လည်း တိုက်ပွဲတွေ ဆင်နွှဲတာမရှိဘူး။ ကျနော်တို့အေးဆေးနေတဲ့အချိန်မှာပဲ သူတို့ဘက်က လာပြီးမှဝင်တိုက်တာပါ။ ကေအိုင်အေက ဝင်တိုက်ပါတယ်ဆိုတဲ့ ဝေါဟာရ သုံးထားတာကို ကျနော်ဘက် ဘာမှ သုံးသပ်လို့မရပါဘူး။ ” တပ်မတော်ရဲ့ ဒီဇင်ဘာ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းမှာတော့ ဝိုင်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းတကြောင်းဟာ နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီလောက်က နန်ဆန်ယန်ကျေးရွာရဲ့ အနောက်မြောက်ဘက် ၃ မိုင်လောက်အကွာအရောက် ကေအိုင်အေအဖွဲ့တွေက စတင်ပစ်ခတ်ခဲ့တဲ့အတွက် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကေအိုင်အေတပ်ဖွဲ့က အနောက်တောင်ဘက်ကို ဆုတ်ခွာသွားခဲ့ပြီး အခြေပြုထားတဲ့ စခန်း ၁ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာတဝိုက်ကနေ ကေအိုင်အေ ယူနီဖောင်းဝတ် အလောင်း ၁ လောင်း၊  ကေအိုင်အေတပ်ဖွဲ့မှ ထုတ်လုပ်တဲ့ ၁၀၇ မမ ရှော့တိုက်ဒုံးပစ်စင် ၁ ခုနဲ့ ဒုံးသီး ၁ လုံး၊ ၆၀ မမ စိန်ပြောင်း ၁ လက်အပါအဝင် လက်နက်ခဲယမ်းတွေနဲ့ တဲတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024