DVB Logo
Home
မြန်မာသတင်း
ဆင်မစီးမြင်းမရံဘဲ ဆိုင်ကယ်စီးဝန်းရံကျင်းပသည့် ရခိုင်ပြည်နယ်မှ မင်္ဂလာပွဲ(ရုပ်သံ)
DVB
·
December 5, 2019
Donate to DVB

မင်္ဂလာဆောင်တဲ့နေ့၊ ရှင်လိင်ပြန်တဲ့နေ့နဲ့ ထောင်ကလွတ်တဲ့နေ့တွေဟာ မြန်မာ ရှေးဆိုရိုးစကားတွေထဲမှာတော့ အပျော်ဆုံးနေ့ ၃ ရက်ဖြစ်တယ်လို့ ဆိုကြပါတယ်။

ထောင်ကလွတ်တဲ့နေ့ဆိုတာကတော့ အားလုံးကြုံဖူးဖို့ ခဲယဉ်းပြီး ရှင်လိင်ပြန်တဲ့ နေ့ကလည်း ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသားတွေသာ ကြုံတွေ့ရတဲ့နေ့တွေသာဖြစ်တာမို့ မင်္ဂလာဆောင်တဲ့နေ့ဆိုတာကတော့ လူမျိုးဘာသာမရွေး ကြုံဆုံနိုင်တဲ့ နေ့တနေ့ထဲမှာ ပါဝင်လို့နေပါတယ်။

မင်္ဂလာပွဲအခမ်းအနားကျင်းပတာဟာ သတို့သား သတို့သမီးတွေအဖို့တော့ တသက်မှာတခါ မင်္ဂလာယူရတဲ့ နေ့ထူးနေ့မြတ်တနေ့ထဲမှာ ပါဝင်နေပါတယ်။

 ဒါကြောင့်မို့ မင်္ဂလာပွဲတွေကို ကျင်းပတဲ့အခါ အမှတ်တရဖြစ်စေဖို့၊ ဆန်းပြားခမ်း နားတဲ့ မင်္ဂလာပွဲတွေ၊ ရိုးရှင်းပေမယ့် ကာယကံရှင် သတို့သား၊ သတို့သမီးတွေရဲ့ ထူးခြား တဲ့ ဆက်နွယ်ပုံရိပ်တွေနဲ့ ကျင်းပလေ့ရှိကြပါတယ်။

ခုလတ်တလော အွန်လိုင်းပေါ်မှာ ရေပန်းစားနာမည်ကြီးနေတာကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မင်္ဂလာပွဲတခုရဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။

 ဆင်စီးမြင်းရံဆိုတဲ့ စကားကတော့ လူကြီးမိဘတွေက သားသမီးတွေကို ပိုပြီး မြင့်မြတ်သာလွန်ကောင်းမွန်မှုတွေ ဖြစ်စေလိုတဲ့အခါမှာ သုံးလေ့ရှိကြတာမျိုးပါပဲ။ အရေး တကြီးဆုံးဖြတ်ရမှာမျိုးဖြစ်တဲ့ အိမ်ထောင်ဘက်ရွေးချယ်မှုမှာလည်း ဒီသဘောမျိုးပဲ အသုံးပြုခိုင်းနှိုင်းလေ့ ရှိကြပါတယ်။

ခုမင်္ဂလာပွဲကတော့ ကာယကံရှင်တွေဖြစ်ကြတဲ့ သတို့သား၊ သတို့သမီးစုံတွဲဟာ အလှဆင်ယင်ထားတဲ့ ဆိုင်ကယ်တစီးနဲ့ ရှေ့မှဦးဆောင်ကာ ဆင်မစီး မြင်းမရံဘဲ ဆိုင်ကယ်စီးသူ ဧည့်ပရိသတ်တွေ ဝန်းရံပြီး ကျင်းပခဲ့တာကို တွေ့ရပါတယ်။

ပန်းနုရောင် မင်္ဂလာဝတ်စုံတွေအပြင် သဇင်ပန်းဝေဝေနဲ့ လှပနေတဲ့ သတို့သမီးကို နောက်ကတင်ပြီး ရှေ့ဆုံးက ဆိုင်ကယ်ကို မောင်းထွက်လာတဲ့ မင်္ဂလာသတို့သား နောက်မှာတော့ ပန်းနုရောင် အလှဆင်ဖဲကြိုးတွေတပ်ဆင်ထားတဲ့ ဆိုင်ကယ်တွေက အတန်းလိုက်စီတန်းမောင်းနှင်ခဲ့ကြတာဟာ သမားရိုးကျမင်္ဂလာဆောင်တခုထက် ပိုမိုဆန်းပြား လှပနေခဲ့ပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ သန်းဝင်းနိုင်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက သူ့ရဲ့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာ  ဖြစ်ပါတယ်။

“ဆင်စီးပြီးမြင်ရံတာအရင်ခေတ်က… ယနေ့ခေတ်မှာတော့ဖြင့်… # GoPro only”

လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုသူ၊ တဆင့်ပြန်လည်မျှဝေသူ၊ မှတ်ချက်ရေးသူတွေ ထောင်သောင်းချီ ရှိနေခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013